ဤမှန်သောစကားကြောင့်........
မြန်မာပြည်တွင်ခေတ်အဆက်ဆက်တက်လာသော သမ္မတများသည်...ကောင်းကြောင်း..အတုယုစံပြုစရာစိတ်ထား. ကိုယ်ကျင့်တရား များကို မည်သည့် ကျမ်းဂမ်လည်းမရှိသလို စာအုပ်လည်းမရှိ၊ ဖတ်ဖူးခြင်းလည်းမရှိလို့ ဟုဆင်ခြေပေးအံ့....။
နိုင်ငံခြားတကာက သမ္မတများကိုတော့ ကျနော်စံပြုစရာ အတော်ပင်များများဖတ်မှတ်လေ့ လာ အားကျအတုယူ ဖူးပါသည်။
သမ္မတရာထူးရသည့်အခါအာဏာနှင့် အရှိန်အ၀ါကို ထည့်ပေါင်းလိုက်လျှင် အတ္တပိုကြီး လာတတ်သည်။ ငါမှငါ၊ ငါလုပ်တာမှ အဟုတ်၊ ငါပြောတာမှ အမှန်ဖြစ်၍ ပြဿနာ တစ်ခုခုကို ဆုံးဖြတ်ရာတွင် လက်တွေ့နှင့် ကင်းကွာ၍ အကျိုးထက်၊ အဆိုးဘက်ကို ဦးတည်သွားကြတာများသည်။
လူ့သမိုင်းတွင် နိုင်ငံခေါင်းဆောင် လုပ်သွားကြသူ အတော်များများသည် နောက်လိုက်ဘ၀တွင် လူဆိုးများ မဟုတ်ကြ၊ လူဆိုးမဟုတ်ရုံမက လူကောင်းများတွင် ရှိတတ်သော စိတ်ကောင်းများပင်လျှင် အတော်ပြည့်ပြည့်စုံစုံ ရှိကြသူများသည်။ ဒါကြောင့်လည်း သူတို့ခေါင်းဆောင် ဖြစ်လာကြသည်။ သို့သော် ခေါင်းဆောင်ဖြစ်ပြီး နောက်ပိုင်းတွင်မှု ထိုစိတ်ကောင်းများ တစ်စ..တစ်စ..လျော့ပါး၍ နောက်ဆုံးလူဆိုးများ ဖြစ်သွားကြရုံမက သမိုင်းတရားခံများပင် ဖြစ်သွားကြသည်မှာ တကယ်တော့ ထို.ထိုသော..သမ္မတများ..က ကျွန်ုပ်တို့ကို ဖျက်ဆီးသွားကြသောသူများသာ ဖြစ်သည်။
ဤမှန်သောစကားကြောင့်........ကျနော်သည် Clean Government မသိ.. Good Government..မသိ အတော်ပင်စဉ်းစားရခက်နေသည်...။ မည်သို
့ပင်ဆိုစေကာမူ ၂၀၂၀ ရွေးကောက်ပွဲမှာ ရာဇပုလ္လင်မှာ ငတုံးတွေ သမ္မတမတင်မိဖို့ အရေးကြီးတယ်.....
သမတတင်မကဘူး
ReplyDeleteကိုယ်စားလှယ်ကအစသေချာရွေးရမှာ
အစိုးရဆိုတာ...အစပဲရိုးတာ :P
Delete