Tuesday, 7 January 2014

ကုလားကားများကြည့်ခြင်းမှရရှိသော တွေ့ရှိချက်များ


ကုလားကားများကြည့်ခြင်းမှရရှိသော တွေ့ရှိချက်များ

(၁) မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင် နာကျင်ပုံမပြပေမယ့် မင်းသမီးက

အနာကိုသန့်စင်ပြီး ဆေးထည့်ပေးတဲ့အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။

(၂) မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မကရသေးသ၍ ချစ်သူမဖြစ်ရပါဘူး။

(၃) မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာနေပူပူ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီအတိုင်းပဲ

ရှိနေပါတယ်။

(၄) မင်းသားနဲ့မင်းသမီးချစ်သူနှစ်ယောက်ဟာ ကွင်းလယ်မှာကနေတုန်း ရုတ်တရက်(ဘယ်ကရောက်လာသလဲ

ဆိုတာ ဘုရားပဲသိနိုင်တဲ့) လူ၁၀၀လောက်ထွက်လာပြီး သူတို့နဲ့အတူဝင်ကလေ့ရှိပါတယ်။

(၅) ဇာတ်သိမ်းခန်းကျရင် မင်းသားဟာသူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှု

စောင့်ရှောက်နေတဲ့ အိမ်ဖော်မကြီးက သူ့အမေဖြစ်ကြောင်း၊ ရဲအရာရှိကြီးကသူ့အဖေဖြစ်ကြောင်း၊ တရားသူကြီး

ကသူ့ဦးလေးဖြစ်ကြောင်းစသည်ဖြင့် ဖော်ထုတ်သိရှိသွားတတ်သည်။

(၆) ရုပ်ရှင်ထဲကစကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေ

ကတော့ No Problem, My God, Get Out, Shut Up, Impossible နဲ့ Please Forgive me တို့ဖြစ်ပါတယ်။

(၇) မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို အ၀တ်အစား

တွေလည်း အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။

(၈) သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊

တစ်ယောက်နဲ့တစ်ယောက် ဖျတ်ခနဲအကြည့်ခြင်းဖလှယ်ခြင်း ၊ အ၀တ်အစားလဲခြင်းများကို တပြိုင်တည်းမှာပင်

လုံးဝမမောမပန်းပဲ လုပ်နိုင်ကြပါတယ်။

credit ရေးသူအမည်မပါပါ...၂၀၀၉ ခုနှစ်က မေလ်းတစ်စောင်ကရတာပါ။ မူရင်းရေးသူတိုင်းအားလေးစားလျှက်

၈။ဟာသလွင်ပြင် https://www.facebook.com/groups/shweaeimsijoker/

No comments:

Post a Comment