Tuesday, 7 January 2014

အလုပ်ခွင်မှာ သင့်ရဲ့ မန်နေဂျာနဲ့ အဆင်ပြေအောင်

အလုပ်ခွင်မှာ သင့်ရဲ့ မန်နေဂျာနဲ့ အဆင်ပြေအောင်

By Shwe Eaim Si on Monday, July 22, 2013 at 12:43am
အလုပ်ခွင်မှာ သင့်ရဲ့ မန်နေဂျာနဲ့ အဆင်ပြေအောင်
အလုပ်ခွင် တစ်ခုမှာ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်နေရုံနဲ့လည်း လုပ်ငန်းမှာ နေပျော်ပြီး အောင်မြင်မှု ရလိမ့်မယ်လို့ မထင်ပါနဲ့ဗျာ။ တကယ်တော့ ကိုယ့်အထက်ကအရာရှိ (တစ် နည်း) ပြောရရင် မန်နေဂျာနဲ့လည်း အဆင်ပြေပါမှ လုပ်ငန်းခွင်မှာ စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်မှာ ဖြစ်ပြီး အလုပ်လုပ်ရတာ လဲ ကောင်းမွန်တယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။

အောက်ပါ နည်းလမ်းတွေကတော့ မန်နေဂျာနဲ့ သင်နဲ့ ကြားထဲမှာ အဆင်ပြေစေမယ့် နည်းလမ်းတွေ တစ်နည်းပြောရရင် မန်နေဂျာတွေကို တည့်အောင်ပေါင်းနည်းတွေ ဖြစ်ပါတယ်။

(၁) တခြားသူတွေနဲ့ မတူညီအောင် လုပ်ဆောင်ပြပါ။ ချိုသာစွာ နှုတ် ဆက်ခြင်း၊ အများထက် အလုပ်ကို ပိုမို ကြိုးစားပြခြင်း၊ အလိုက်တ သိ နေထိုင်ပြခြင်း စတာတွေ ဖြစ်ပါတယ်။

(၂) ကိုယ့် အထက် အရာရှိကို အမြဲတမ်း လေးစားချစ်ခင်မှု ရှိပါ။ နောက် ကွယ် ထိအောင်ပါ လေးစားမှုရှိပါ၊ ထားပါ။

(၃) ပေးတဲ့ တာဝန်ကို ငြင်းဆန်ချက် မရှိပဲ လုပ်ဆောင်ပါ၊ တကယ်လို့ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင်မှ တစ်ကြိမ်တော့ အနည်းဆုံး ကြိုးစားပြီးမှ မိမိ မစွမ်းဆောင်နိုင်ကြောင်း ပြန်လည်တင်ပြပါ။

(၄) နောက်ကွယ်မှာ မိမိရဲ့ အထက်အရာရှိရဲ့ မကောင်းကြောင်းကို မပြောပါနဲ့။

(၅) နောက်ပြီး ကိုယ့်နေရာမှာ ကိုယ်နေပါ၊ ကိုယ်နဲ့ မဆိုင်ပဲ ၀င်ရောက် ပြောဆိုတာ၊ အကြံပေးတာတွေ မလုပ်ဆောင်ပါနဲ့။

(၆) အလုပ်ဟာ ပုဂ္ဂိုလ်ရေးနဲ့ သီးခြား ဖြစ်ကြောင်းနားလည်ပါ။

(၇) ပြန်လည် သက်ရောက်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို အမြဲတမ်း ပြန်လည် တင်ပြပါ။

(၈) နောက်ပြီး ကိုယ့်အပေါ်မှာ ရှိနေတဲ့ သူဌေးရဲ့ သံသယစိတ်တွေ ကို ပျောက်အောင် လုပ်ဆောင်ပါ။ သံသယဆိုတဲ့ နေရာမှာ လုပ်ငန်း ရှင်တိုင်းက ဒီဝန်ထမ်း ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင် ပါ့မလားဆိုတာမျိုးကို ဆိုလိုပါတယ်။

Ref : www.businessinsider.com

No comments:

Post a Comment