Friday, 10 January 2014

"တန်ဆောင်တိုင် "(ငွေတာရီ)

"တန်ဆောင်တိုင် "(ငွေတာရီ)

 
 မြောက်လေဖုံဖုံ သုန်သုန်ဝှေ့တော့
ရဂုံတကွေ့ နှင်းဝေစီ
မှုန်မှုန်ကြွေ့တဲ့ ဆင်းငွေရည်ဝယ်
အလင်းနေခြည်ထင်ပြန်တော့။

ဝါ၀င်းလဲ့လဲ့ ထိန်တောက်စိုကာ
စိန်ကျောက်လိုလို ပိုလင်းပြန်လှပေါ့။

ဝတ်မှုံကြဲတဲ့ ခ၀ဲညှာငယ်
ပုလဲဝါနှယ် သရေကြော့
မလွှဲသာတယ် လေပြေနော့တော့
ခွေခွေပြော့ပြော့ ညွတ်ယိုင်ယိုင်။

ဆီမီးရောင်စုံ ပူဇော်ကဲတဲ့
လှူတော်သည်ပွဲ လမြတ်တန်ဆောင်တိုင်။

ကြတ္တိကာနှင့် ငွေလဆိုင်ကာ
တကွတပြိုင် တူတူသွားတော့
လူသူအများ မြူးကြရွှင်သာကြည်
ထူးစွစဉ်သာညီ။

ကထိန်သင်္ကန်း မဂ်လမ်းရည်သည်
လှူဒါန်းခါမှီ ဆုကြီးပန်လို့လေး။ ။

No comments:

Post a Comment