Tuesday, 7 January 2014

ဖေဖေလာပြီ.....

ဖေဖေလာပြီ.....

 
 မြို့လယ်ကောင်ကားလမ်းမတစ်ခုပေါ်တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားနေသည်။ လူများစုအုံပြီးတိုးဝေ့ ကြည့်ရှုနေကြ၏။ ထိုအချိန်တွင် သတင်းထောက်တစ်ယောက်က အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ လာပြီး ကားတိုက်ခံရသူကိုဝင်ရောက်ကြည့်ရှုရာ လူအုပ်ကြီးကိုတိုးမပေါက်နိုင်သဖြင့် အောက်ပါအတိုင်း အော်ပြောလေသည်။

"လမ်းပေါက်လေး နဲနဲလောက်ဖယ်ပေးကြပါ.... အခုကားတိုက်ခံရတဲ့သူက ကျွန်တော့ရဲ့သားပါ... ကျွန်တော်ကသူ့အဖေပါ "

ထိုအခါမှ အုံနေတဲ့သူအုပ်ကြီးက ဘေးသို့ရှဲပေးကြသည်။ သတင်းထောက်လည်း ၀မ်းသာအားရ ပြေးဝင်ကြည့်မိရာ သူ့မျက်နှာမှာ ရှက်သွေးရောင်လွှမ်းသွား၏။

သူမြင်လိုက်ရတာက သွေးအိုင်ထဲမှာသေနေတဲ့ ခွေးတစ်ကောင်ပင်ဖြစ်လေသည်.......


၈။ဟာသလွင်ပြင်မူပိုင်ဖြစ်သည်။
https://www.facebook.com/groups/shweaeimsijoker/

No comments:

Post a Comment