Thursday, 9 January 2014

ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ

ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ
===========================
ဒူးနာနေသူများ၊ အဆစ်နာသူများ၊ အရိုးပွသူများ၊ လေးဖက်နာသမားတို့အတွက် အရွတ်များ အားကောင်းစေရန် အရွတ်များ ပျော့ပြောင်းစေဖို့ စားသုံးသင့်သည့် အစားအစာများကို ဖော်ပြရလျှင်
(၁) အိုမီဂါ (ဒ) ဖက်တီးအက်ဆစ်
ယင်းက အရွတ်များကို ပျော့ပြောင်းစေသည်။ ဥပမာအားဖြင့် ဥများ၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး၊ ရေအေးငါးများဖြစ်သည့် တူနာ၊ ဆယ်လ်မွန်တို့ဖြစ်သည်။
(၂)ဗီတာမင်စီ
သည်အရွတ်များကို ကျန်းမာစေပြီး အင်တီအောက်ဆီးဒင့်ဓာတ်ကိုလည်း ရရှိစေသည်။ ဓာတ်တိုးဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လျော့ပါးစေသည်။ ဥပမာအားဖြင့် ရှောက်သီးကဲ့သို့ အချဉ်သီးများ၊ ဟင်းရွက်သုတ်၊ ကိုက်လန်၊ ငရုတ်ပွသီး၊ စတော်ဘယ်ရီတို့ ကို စားသုံးနိုင်သည်။
(၃)ဗီတာကရိုတင်း
တည်သီး၊ ပြောင်း၊ လိမ္မော်၊ သင်္ဘော၊ ရွှေဖရုံ၊ ငရုတ်သီးပွအနီအခွံပွ၊ လိမ္မော်သီးတို့တွင် ပါဝင်သည်။
(၄) Quercetin
အင်တီအောက်ဆီးဒင့်ပါဝင်ပြီး ရောင်ရမ်းမှုကို ကာကွယ်ပေး နိုင်သောဓာတ်တစ်မျိုးဖြစ်ပြီး တည်သီး၊ ဘလူးဘယ်ရီ၊ ဘရိုကိုလီ၊ ကို ကိုးအမှုန့်၊ ရှောက်သီးများ၊သံလွင်ဆီ ၊ ကြက်သွန်ဖြူတို့တွင် ပါဝင်သဖြင့် စားသုံးသင့်သည်။

HT
Health Updates Journal

No comments:

Post a Comment