Sunday, 5 January 2014

**ကမ္ဘာဆိုတာ လူတိုင်းကို ဗဟိုပြုပြီးလည်ပါတယ်**


**ကမ္ဘာဆိုတာ လူတိုင်းကို ဗဟိုပြုပြီးလည်ပါတယ်**
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကလေးရေ.. စိတ်ပျက်နဲ့ကွယ်
ကိုယ်တိုင်ကမှပြဇာတ်ထင်တာ
လူတွေရဲ့သဘာဝပါကွယ်..............။

ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ကိုယ်ကတဲ့ဇာတ်မှာ ကိုယ်ပဲမင်းသားဖြစ်ချင်ကြတာ

လူတွေရဲ့သဘာဝပါကွယ်..............။

ကလေးရေ
စိတ်မပျက်နဲ့ကွယ်
ကိုယ်တိုင်ဖြတ်တဲ့ဓမ္မသတ် ကိုယ့်ဘက်ပဲမှန်တက်ကြတာ

လူတွေရဲ့သဘာဝပါကွယ်.................။


ကလေးရေ
စိတ်ပျက်နဲ့ကွယ်
ပြူတင်းတစ်ပေါက်က ကြည့်တာခြင်းအတူတူ

ရွံ့နဲ့ကြယ် အမြင်ခြင်းမတူနိုင်တာ
လူတွေရဲ့သဘာဝပါကွယ်.............။

ကလေးရေ

ဘာတွေပဲဖြစ်ဖြစ် စိတ်မပျက်နဲ့ ကွယ်..........

ကမ္ဘာဆိုတာ လူတိုင်းကို ဗဟိုပြုလည်နေတာပါကွယ်................။


ကလေးတို့ ရဲ့ ....
ရွှေအိမ်စည်https://www.facebook.com/shweaeimsi

No comments:

Post a Comment