Disney ကာတွန်းတွေလို မင်္ဂလာဆောင်ခဲ့တဲ့ ဗြိတိန်က မောင်နှံ
ဗြိတိန်နိုင်ငံ West Midlands မှာ နေထိုင်တဲအသက် ၄၄ နှစ်အရွယ် Amanda နဲ့ ၃၉ နှစ်အရွယ် Nathan Gibbs တို့ နှစ်ဦး ဖြစ်ပါတယ်။ သူတို့ ၂ ဦး မင်္ဂလာဆောင်မှာ ဒစ်စနေးက ကာတွန်းတွေလို ဝတ်စားခဲ့ ပါတယ်။
အမျိုးသား ဖြစ်သူက Shrek လို ဝတ်ပြီး အမျိုးသမီးက Princess Fiona လို ဝတ်ဆင် ပါတယ်။ ဧည့်သည်များကလည်း Mickey Mouse, Gingerbread, Captain Jack Sparrow, DisneyPrincess အစရှိသဖြင့် ဒစ်စနေးက ကာတွန်းနဲ့ ဇာတ်ကောင်တွေလို ဝတ်စားခဲ့ကြ ပါတယ်။ ပြီးတော့ ဘာလက်ဆောင်ကိုမှ မယူပါဘူး။ လာရောက်သူတွေကိုတော့ ဒစ်စနေး ဇာတ်ကောင်တွေလို ဝတ်ဖို့ ပြောပါတယ်။ လက်ဆောင် မယူပေမယ့် အလှူငွေ ကောက်ပါတယ်။
ရည်ရွယ်ချက်ကတော့ ကင်ဆာ သုသေတန လုပ်ငန်းမှာ အလှူငွေ ထည့်ဖို့ ဖြစ်ပါတယ်။ ယင်း ဇနီးမောင်နှံ နှစ်ဦးနဲ့ သက်ဆိုင်သူ ပတ်ဝန်းကျင်မှာ ကင်ဆာဖြင့် ကွယ်လွန်သူ များတာကြောင့် မင်္ဂလာဆောင်မှာ ယခုလို ဝတ်ဆင်ပြီး အလှူငွေရှာ ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့ရဲ့  မင်္ဂလာဆောင်ဟာ ထူးခြားပြီး လူသိများစေခဲ့ ပါတယ်။
Credit : International news for Myanmar
No comments:
Post a Comment