Saturday, 15 March 2014

ထန်းသီးမုန့် 



ထန်းသီးမုန့် 

ပြုလုပ်ပုံ အဆင့်ဆင့်
  1. ဆန်ကို စင်ကြယ်စွာ ဆေးပြီးထောင်းပါ။ ဆန်ခါချပေးပါ။ ဆန်ခါချ ထားထားသော ဆန်မှုန့်များထဲသို့ ထန်းသီမှည့်များ အခွံနွှာပြီး အနှစ်ကိုဆန်ခါနှင့် တိုက်ချပါ။
  2. သကြား၊ ဆားတို့ကိုရောထည့်ပြီး သမအောင် နယ်ပေးပါ။ နယ်ပြီး လျှင်မုန့်များ ပွလာစေရန် (၄) နာရီခန့် ပိတ်စနှင့် ဖုံးထားပေးပါ။
  3. ရေနွေးအိုးတွင် စလောင်းဖုံးပြီး နာရီဝက်ခန့် ပေါင်းပါ။ မုန့်နပ်သော အခါလိုအပ်သလို လှီးပြီး အုန်းသီးများဖြူး ပြီးစားသုံးနိုင်ပါပြီ။


လိုအပ်သည့် ပစ္စည်းများ
  • ငစိန်ဆန် >> (၁) ပြည်
  • ထန်းသီးမှည့် >> (၁) လုံး
  • စားဆော်ဒါ >> (၄) ဇွန်း-လက်ဖက်ရည်ဇွန်း
  • သကြား >> (၆၀) ကျပ်သား
  • အုန်းသီး >> (၂) လုံး
  • ဆား >> သင့်ရုံ

No comments:

Post a Comment