Tuesday, 29 April 2014

လင်နှင့် မယားအိမ်ခွဲနေရန် ပြောရာမှ ဇနီးက ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံ

 လင်နှင့်မယား အိမ်ခွဲနေထိုင်ရန် ပြောဆိုကြရာမှ ဇနီးဖြစ်သူက ပိုးသတ်ဆေး သောက်၍ သေကြောင်း ကြံစည် မှု တစ်ခုဧပြီ ၂၇ ရက်က သုံးခွမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။

အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ဆေးရုံသို့ ရောက်ရှိနေကြောင်း ယင်းနေ့ နံနက် ၅ နာရီခွဲသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့ က စစ်ဆေးရာ သေကြောင်းကြံစည်သူမှာ ကတုံးပေါ် အလယ်ကျေးရွာနေ မအေးသန်း (ခ) ကတ်မလား (၂၁)နှစ်ဖြစ်သည်ဟု ဆိုထားသည်။

သူမသည် ခင်ပွန်းဖြစ်သူ ကိုမော်ဂါး (၂၁)နှစ် လယ်လုပ်နှင့်အတူ အိမ်ခွဲနေထိုင်ရန်ပြောရာမှ စကားများရန်ဖြစ်ခဲ့ပြီး ည ၂ နာရီအချိန်တွင် ပဲဖျန်းသည့် ပိုးသတ်ဆေးရည်ကို သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် သေကြောင်းကြံစည်သူသည် သုံးခွမြို့နယ်ဆေးရုံတွင် အတွင်းလူနာ မစိုးရိမ်ရအဖြစ် ကုသနေရ ပြီး သူမကို အရေးယူပေးရန် ဒု-ရဲအုပ်မျိုးမြင့်သူက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၁၅၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး သေကြောင်းကြံစည်မှု ပုဒ်မ ၃၀၉ ဖြင့် အရေး ယူရန် စစ်ဆေးသွားမည်ဟု ဆိုသည်။

Written by  ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment