Tuesday, 29 April 2014

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ အလက်ပိုမြို့က သူပုန်တွေ ထိန်းချုပ်ထားတဲ့ အပိုင်းကို ဘီဘီစီ သတင်းထောက်တွေ ရှားရှားပါးပါး ဝင်ရောက်ခွင့် ရခဲ့ပါတယ်

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ အလက်ပိုမြို့က သူပုန်တွေ ထိန်းချုပ်ထားတဲ့ အပိုင်းကို ဘီဘီစီ သတင်းထောက်တွေ ရှားရှားပါးပါး ဝင်ရောက်ခွင့် ရခဲ့ပါတယ်။

အလက်ပိုမြို့ဟာ အစိုးရရဲ့ လေကြောင်းကနေ ဗုံးကြဲတဲ့ ဒဏ်ကို အဆိုးဝါးဆုံး ခံရတဲ့မြို့ ဖြစ်ပါတယ်။

စည်ပိုင်းတွေထဲ ဗုံးတွေထည့်ပြီး ကြဲချခဲ့တဲ့ ဒဏ်ကို လနဲ့ချီ ခံခဲ့ရတာကြောင့် မြို့ထဲမှာ အပျက်အစီး ပမာဏဟာ မယုံနိုင်လောက်အောင် များပြားတယ်လို့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

လူအများအပြားဟာလည်း မြို့ကနေ ထွက်ပြေးသွားကြပြီ ဖြစ်လို့ အဆောက်အဦးတွေမှာ လူသူမရှိဘဲ ဖြစ်နေကြရပါတယ်။

ထိခိုက် သေကြေသူပေါင်းဟာ အခုနှစ်ထဲမှာ ထောင်နဲ့ချီ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ Human Rights Watch ကလည်း သမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့တွေဟာ အရပ်သားနဲ့ သူပုန် ဘာမှမခွဲခြားဘဲ အရပ်သားတွေအပေါ် ဥပဒေမဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ဆီးရီးယား အစိုးရကတော့ သူတို့တပ်တွေဟာ အကြမ်းဖက်သမားတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

BBC Burmese

No comments:

Post a Comment