Saturday, 26 April 2014

စေတနာ

စေတနာ

အလွန်ချမ်းသာသော သူဋ္ဌေးကြီးတစ်ဦးသည် သူ့အိမ်မှ စားဖိုမှူးအား ခေါ်ပြီး ဟင်းလျာမျိုးစုံပါဝင်သော menu (မီနူး) စာရွက်ကို ပေးရင်း စားဖိုမှူးအား မှာကြားနေသည်။

"ရော့...ဒါက ငါ့ယောက္ခမကြီးအကြိုက်ဆုံး ဟင်းလျာတွေချည်းပဲ သီးသန့် ပြုစုထားတဲ့ စာရင်းစာရွက်"

"ဟုတ်ကဲ့ခင်ဗျာ"

"မနက်ဖြန်ကျရင် ငါ့ယောက္ခမကြီး ငါတို့အိမ်ကို လာလိမ့်မယ်၊ အဲဒီဟင်းတွေထဲက တစ်မျိုးမျိုးကို ချက်မိလို့ကတော့ မင်းအလုပ်ပြုတ်ပြီသာမှတ် "

No comments:

Post a Comment