တစ်နေ့လုံး စာသင်ယူထားသဖြင့် နွမ်းနယ်နေသောကြောင့် ကိုယ်လက်သန့်စင်ကာ
စာကြည့်စားပွဲတွင်ထိုင်ရင်း မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်သည်။
ဒီနေ့ဖေဖော် ဝါရီ ၁၅ရက်၊ နောက် ၁၃ ရက်ဆိုလကုန်ပြီ။ နောက်လဆို မတ်လရောက်ပြီ။
သူတစ်နှစ်လုံး အားထုတ်ထားသမျှ စိုက်ပျိုးရတော့မည့်လ။ တစ်
နှစ်လုံးပင်ပန်းကြီးစွာ ကြိုးစား ကျက်မှတ်ခဲ့သမျှ
အစွမ်းကုန်အသုံးချရမည့်အချိန် နီးကပ်လာပြီကိုတွေးရင်း သူရင်ခုန်မိသည်ဟု
ဒသမတန်းကျောင်း သူ ချောချောက ပြောပြသည်။
ယခင်နှစ်မတ်လများကို သူမသိလိုက် မသိဘာသာကျော်ဖြတ်ခဲ့သည်။ ဇန်နဝါ ရီတွင်
စာကိုပိုကျက်၊ ဖေဖော်ဝါရီတွင် အတန်းတင်စာမေးပွဲဖြေ၊ ပြီးလျှင် ပြီးပြီ။
အေးေ အးဆေးဆေးပင် သူနေခဲ့သည်။ သို့သော် ယခုနှစ်တွင်တော့ သူ့အတွက် မတ်လက
သိပ်ကို အရေးကြီးလာပြီဖြစ်သည်။ မတ်လတွင် ဘဝတစ်ဆစ်ချိုးဟု လူတိုင်း ကတင်
စားကြသည့် အခြေခံပညာ အထက်တန်းဒသမတန်း (တက္ကသိုလ်ဝင် တန်းစာမေးပွဲ)
ဖြေရတော့မည်။ တဖြည်းဖြည်းနဲ့ အချိန်နီးကပ်လာလေ စိုးရိမ်စိတ် များလာလေဟု
သူကပြောသည်။
”စိုးရိမ်တယ်။ မေးခွန်းတွေ အရမ်းခက်မှာလည်း ကြောက်တယ်။ မနှစ်က Physics ကို
ကျောင်းသားတော်တော်များများမဖြေနိုင်ကြတော့ စိုးရိမ်မိတာ တော့ အမှန်ပဲ”ဟု
ရွှေပြည်သာတွင်နေထိုင်သည့် ချောချောက ပြောသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာ
မေးပွဲကို မတ်လ ၁၂ရက်မှ ၂၂ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး တက္က သိုလ်ဝင်စာမေး
ပွဲဖြေဆိုမည့် ကျောင်းသားဦးရေ ငါးသိန်းကျော်ရှိသည်။ တိတိကျကျဆိုရသော်
ကျောင်းသားပေါင်း ၅၈၈၄၇၃ ဦး ဖြစ် သည်။ ဘဝတစ် ဆစ် အချိုး အကွေ့ကို
ဖြတ်ကျော်မည့် လူငယ် ၅ သိန်းကျော်အတွက် စာမေးပွဲက လက်တစ်ကမ်း အကွာတွင်
စောင့်ကြိုနေပြီဖြစ်သည်။
အင်းစိန်တွင်နေထိုင်သည့် မထက် သဉ္ဇာဝင်းက စာမေးပွဲတွင် ဂုဏ်ထူးပါရ မည်ဟု
မှန်းထားပြီးရရှိသည့် ဂုဏ်ထူးနှင့် ရမှတ်ပေါ်မူတည်ကာ ရည်မှန်းချက်ကို
အကောင်အ ထည်ဖော်မည်ဟု ဆိုသည်။ ”ကိုယ်ကြိုးစားလို့ရတဲ့အပေါ်မှာပဲ
ဖြစ်အောင်လုပ်မယ်”ဟု က ပြောသည်။အင်းစိန်တွင်နေထိုင်သည့် မအိ သက်ချောက
မိဘများက ဆရာ ဝန်ဖြစ်စေချင်သော်လည်း ၎င်းကမူ သံတမန်ဖြစ်လိုသောကြောင့်
နိုင်ငံခြားဘာသာတက္က သိုလ်ဝင်ခွင့်ရရန် ရည်ရွယ်ကြိုးစားနေ ကြောင်းပြောသည်။
ငယ်ရွယ်နုနယ်သော် လည်း ခိုင်မာသည့် စိတ်ဓာတ်နှင့် သူမ၏ ပြောစကားများက
တိကျပြတ်သားသည်။
”နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ဂျပန်ဘာသာနဲ့တက်ပြီး ထူးချွန်တဲ့ သံ
တမန်ဖြစ်ချင်တယ်။ အဲဒါကြောင့် တစ်နေ့ကို ကိုယ်တိုင်စာဖတ်ချိန် ၆နာရီထား
ပြီး ကြိုးစားနေ တယ်”ဟု ပြောသော မအိ သက်ချောသည် စာမေးပွဲတွင်
ဂုဏ်ထူးလေးဘာသာပါရန် ရည်မှန်းထားသည်ဟု ဆိုသည်။
ကျောင်းသူ၊ ကျောင်းသားများ စာ မေးပွဲအောင်ပြီးချိန်တွင်
ရွေးချယ်စရာအသက်မွေးဝမ်းကျောင်း တက္ကသိုလ် ကောလိပ်များက အသင့်စောင့်ကြိုလျက်
ရှိသည်။ အသစ်ဖွင့်လာသော တက္ကသိုလ်၊ ကောလိပ်များရှိလာ၍ ကျောင်းသားများ
ယခင်နှစ်များထက်ပို၍ ရွေးချယ်စရာများရှိလာပြီဟု အပေါ်ယံသုံးသပ်နိုင်သော်
လည်း ကျောင်း သားများအတွက် အမှန် တကယ်အသုံးတည့်မှု ရှိမရှိနှင့်
အမှန်တကယ်ရွေးချယ်မှုရှိမရှိဆိုသည့်အချက်က စိတ်ဝင်စားစရာဖြစ်ကြောင်း
တောင်ဥက္က လာပမြို့နယ်နေ ကလေးနှစ်ဦး မိခင်ဒေါ်နွဲ့မေကပြောသည်။
သားဖြစ်သူကို ဆရာဝန်ဖြစ်စေချင် သော်လည်း စာမေးပွဲကို ရိုးရိုးသာအောင်ခဲ့
သောကြောင့် ဒဂုံတက္ကသိုလ်တွင် သမိုင်း အဓိကဖြင့် တက်ရောက်စေခဲ့ရသည်။ စိတ်ထဲ
တွင်တော့ မကျေနပ်လှကြောင်း ဒေါ်နွဲ့မေကပြောသည်။ ထို့ကြောင့်ပင် အငယ်ဆုံးသမီး
စာမေးပွဲကို ထူးထူးချွန် ချွန်အောင်မြင်ရန် တတ်နိုင်သလောက် ပံ့ပိုးပေးေ
နကြောင်း၊ အားနည်းသောဘာ သာရပ်ကြောင့် စာမေးပွဲရလဒ် ထိခိုက်
မည်ကိုပူပန်နေကြောင်း ၎င်းက ပြောသည်။
”သူက သင်္ချာအားနည်းတယ်။ ကျူရှင်မှာ စာမေးပွဲဖြေရင်လည်း သင်္ချာရမှတ်က
အမြဲလေးဆယ်ကျော်ရုံလေးပဲဆိုတော့ သင်္ချာကြောင့်ကျသွားမှာကို စိုးရိမ်တယ်”ဟု
၎င်းက ပြောသည်။ မကြာမီဖြေရမည့် စာမေးပွဲအတွက် ကျောင်းသားများသာမက မိဘများလည်း
ရင်ခုန်နေကြပြီဖြစ်ပြီး သားသမီးကို မြင့် မြင့်မားမားဖြစ်စေလိုသော မိဘ
များက တော့ ၎င်းတို့၏ စိတ်ကူးအိပ်မက်များဖြင့် တက်ကြွလန်းဆန်းလျက်ရှိကြသည်။
အင်းစိန်ရှိ ကျောင်းသူတစ်ဦး၏ မိခင်ဒေါ်အေးမြင့်က ”အိမ်က သမီးက ငယ် ငယ် က
တည်းက စာအရမ်းကြိုးစား တယ်။ ကျောင်းကပြန်လာရင်လည်း ရရင်ရသလို စာဖတ်နေတာ၊
သမီးကို ဆရာဝန် ဖြစ်စေချင်တယ်”ဟု ရွှင်လန်းစွာ ပြောသည်။
တစ်နှစ်ပတ်လုံးစာကြိုးစားခဲ့၍ ပန်းဝင်ခါနီးအချိန်ဖြစ်သော လက်ရှိအခြေအနေတွင်
သမီးဖြစ်သူ၏ စားရေးသောက်ရေးမှအစ ကျန်းမာရေးအထိ အစစအရာ ရာ အရိပ်
တကြည့်ကြည့် နေရကြောင်း ဒေါ်အေးမြင့်က ပြောသည်။ ဆယ်တန်းဖြေရတော့မည့် ကျောင်း
သားများ၏ ရည်မှန်းချက်နှင့် တက္ကသိုလ် ရွေးချယ်မည့် အစီအ စဉ် ကို
ကျောင်းသား ခြောက်ဦးအား မေးမြန်းကြည့်ရာတွင် ၄ ဦးက ၎င်းတို့၏
ရည်မှန်းချက်များထက် မိဘများက ဖြစ်စေလိုသော လမ်းကြောင်း အတိုင်း သာ လျှောက်
လှမ်းကြ မည်ဟု ဖြေ ကြားသည်။
တောင်ဥက္ကလာပတွင် နေထိုင်သည့် မောင်ဇော်ဇော်ထက်က ရေကြောင်းပညာ
တက္ကသိုလ်တက်လိုသော်လည်း မိဘများက စီးပွားရေးသာ လုပ်စေချင်သောကြောင့် အီကို
တွဲ(ဝိပ္ပံ)တွဲကို ယူလိုက်ရပြီး စီးပွား ရေးတက္ကသိုလ်တက်မည်ဟု ပြောသည်။
မိဘများဖြစ်စေလိုသော ရည်မှန်း ချက်နှင့် သူ့ရည်မှန်းချက်က ထပ်တူမကျ
သော်လည်း စိတ်ဓာတ်ကျခြင်းမရှိဘဲ မိဘ များဖြစ်စေလိုသည့်ဆန္ဒအတိုင်း
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ရန် ကြိုးစားရမည် သာဖြစ်ကြောင်း
သူကဆိုသည်”ကျွန်တော်ဂုဏ်ထူးတွေ ဘာတွေ မမှန်းဘူး၊
နှစ်ချင်းပေါက်အောင်ဖို့ပဲ”ဟု သူက ပြောသည်။
ကမာရွတ်တွင် နေထိုင်သည့် မဆုပြည့်နိုင်က အောင်မြင်သည့်
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ရန် ရည်ရွယ်ထားပြီး
တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် ကောင်းေ ကာင်ြး ဖင့် စီးပွားရေးတက္ကသိုလ်
တက်ရောက်ခွင့်ရရန် ကြိုးစားနေသည် ဟု ဆိုသည်။ ငယ်နုသော မျက်နှာလေး သည်
ရည်မှန်းချက်များအကြောင်း ပြော သောအခါ ပို၍ လန်း ဆန်းလာသည်။
”ငယ်ငယ်တုန်းကတော့ မင်းသမီးနဲ့ အဆိုတော် အရမ်းဖြစ်ချင်ခဲ့တာ၊ ကြီးလာတော့
စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်လာ တယ်။ မိဘတွေကလည်း အဲလိုဖြစ်စေချင် တော့
သမီးရည်မှန်းချက်နဲ့ တစ်ထပ်တည်း ကျတာပေါ့”ဟု မဆုပြည့်နိုင်က သွက် လက်စွာ
ပြောသည်။
မြန်မာ့ပညာရေးကို လေ့လာချက် အရ ကျောင်းသားများ၏ ရွေးချယ်မှုက
သိသိသာသာပြောင်းလဲလာသည်ကို မတွေ့ရသေးကြောင်း ရန်ကုန်တက္ကသိုလ် မှ လက်ထောက်
ကထိက ဒေါက်တာ စိုင်း ခိုင်မျိုးထွန်းက ပြောသည်။ မြန်မာ ကျောင်းသားအများစု
တက်ရောက်သော ဆေးတက္ကသိုလ်၊ နည်းပညာ တက္က သိုလ်၊ လေကြောင်း ပညာတက္ကသိုလ်၊
ရေကြောင်း ပညာတက္ကသိုလ်များအပြင် ၂ဝ၁၂ ခုနှစ် က ရန်ကုန်နှင့်
မန္တလေးအဆင့်မြင့်နည်း ပညာနှင့် ကွန်ပျူတာတ က္ကသိုလ် တို့ကို စ ဖွင့်ခဲ့သည်။
၂ဝ၁၃ ခုနှစ် ဧပြီမှ စ၍ ရန် ကုန်နှင့် မန္တလေးတက္ကသိုလ်ဘွဲ့ကြိုအတွက်
တစ်ဘာသာလျှင် လူဦးရေ ၅ဝ ဖြင့် ဘာသာရပ် ၂ဝ စတင်ခေါ် ယူခဲ့သည်။
”မိဘကဆရာဝန်ဆို ဆရာဝန်လုပ်ဖို့ပဲ။ ဒီလမ်းကိုပဲ လိုက်တော့တယ်။ အဲဒီ
လိုဖြစ်နေတာလည်း နှစ်နှစ်ဆယ်ကျော် ပါပြီ”ဟု ၎င်းက ဆိုသည်။ ထိုကျောင်းသား များ၏
ဘဝတွင် မိမိ တက်ရောက်လိုသောဘာသာရပ်ကို တက် ရောက်ခွင့်မရခြင်းက
တိုင်းပြည်အတွက် အကျိုးနည်းစေပြီး ကျောင်းသားအတွက် လည်းအကျိုးမဲ့သည်ဟု
၎င်းကပြောသည်။
”ကျောင်းသားတွေရဲ့ ဘဝမှာ တကယ်တမ်းလုပ်ချင်တာကို မလုပ်နိုင်ရင်
ထူးချွန်သူမဖြစ်ဘူး။ နိုင်ငံအတွက်လည်း အကျိုးနည်းတယ်။ ကိုယ်ဝါသနာပါတာ
ကိုလိုက်ပြီး ရွေး ချယ်နိုင်မယ်ဆိုရင် ကျောင်း သားအတွက်လည်းကောင်းတယ်။
တိုင်း ပြည်အတွက်လည်း အထောက်အကူ ဖြစ် တာပေါ့”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တက္ကသိုလ်ကောလိပ် ၁၆၈
ခုရှိပြီး စာမေးပွဲအောင်မြင်သူများ၏ ဖြေဆိုသည့် ဘာသာတွဲအမျိုးအစား စုစု
ပေါင်းရမှတ်၊ တက္ကသိုလ်မှ လက်ခံနိုင် သည့်ဦးရေ၊ လျှောက်ထားသူ၏ ဦးစား
ပေးမှုအပေါ် မူတည်၍ တက္ကသိုလ်ဝင် ခွင့်ကို ရွေးချယ်ခြင်းဖြစ်သည်။ သို့သော်
လက်ရှိ ပညာရေး စနစ် အရ ရွေးချယ်သူ ၏ အမှန်တကယ် စိတ်ဝင်စားမှုနှင့် အထုံ
ဝါသနာအရ ရွေးချယ်ခွင့်နည်းပါးနေ ကြောင်း ပညာရေးစစ်တမ်းများက ဖော်ပြ နေသည်။
၂ဝ၁၁ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်သို့ ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်း သွားရောက်ခဲ့စဉ်က နိုင်ငံရှိဘွဲ့ရများ၏ အရည်အသွေး
မပြည့်မီကြောင်း ထောက်ပြခဲ့ပြီးနောက် ပိုင်းမှစ၍
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ ဝင်ခွင့်အမှတ်
မြှင့်ခြင်း၊ လူလျှော့ခြင်းများ စတင်ပြုလုပ် ခဲ့ကြောင်း တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေး ချယ်ရေးအဖွဲ့မှ ရရှိသော အချက်အလက်များအရ
သိရသည်။နည်းပညာတက္ကသိုလ်များသည် ၂ဝ၁၁ ခုနှစ်က အမှတ် ၃၂ဝ ဖြင့် ဝင်ခွင့်
ပေးခဲ့သော်လည်း ၂ဝ၁၂ တွင် အမှတ် ၃၆ဝ၊ ၂ဝ၁၃ တွင် အမှတ် ၃၈ဝ အထိ
မြှင့်ခဲ့သည်။ လူဦးရေကိုလည်း လျှော့ချခဲ့ပြီး သုံးနှစ်တာကာလအတွင်း
ဝင်ခွင့်ရ လူဦးရေတစ်သောင်းခွဲကျော် လျှော့ချခဲ့ကြောင်း တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေးချယ် ရေးအဖွဲ့မှ သိရသည်။
ထို့အတူ ကွန်ပျူတာတက္ကသိုလ် ဝင် ခွင့်သည်လည်း သုံးနှစ်တာကာလအတွင်း လူဦးရေ
၂ဝဝဝ နီးပါးလျှော့ချခဲ့သလို ရေ ကြောင်းပညာတက္ကသိုလ်နှင့် လေကြောင်း နှင့်
အာကာသတက္ကသိုလ်သည်လည်း သုံးနှစ်တာကာလအတွင်း လူဦးရေ ၉ဝ မှ ၁ဝဝအထိ
လျှော့ချခဲ့သည်။ စီးပွားရေး တက္ကသိုလ် ဝင်ခွင့်အမှတ်များကိုလည်း
တိုးမြှင့်ခဲ့ပြီး အလားတူ ကာလအတွင်း လူဦးရေ ငါးထောင်နီးပါးလျှော့ချခဲ့သည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ၂ဝ၁၂ နှင့် ၂ဝ၁၃
ခုနှစ် တက္ကသိုလ်ဝင်ခွင့်ဦးရေလေးသောင်း မှ ငါးသောင်းကြားအထိ
လျှော့ချခဲ့ကြောင်း ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များတွင်
ကျောင်းသားဦးရေများပြားပြီး စာသင်သူနှင့်ရှိ သည့် နေရာနှင့်
မလောက်ငခြင်းကြောင့် ထိုသို့ လူဦးေ ရ လျှော့ချလိုက်ခြင်းဖြစ် ကြောင်း၊
ကျောင်းသားနှင့်ဆရာ၊ အ ဆောက်အအုံ အံဝင်ခွင်ကျဖြစ်ရန် ထိုသို့
လျှော့ချလိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရ သည်။
ရည်မှန်းချက်တစ်ခုအတွက် အ ပြင်းအထန် ကြိုးစားခဲ့သော်လည်း ထိုသို့
သောစနစ်ကြောင့် ဆန္ဒနှင့်ဘဝ ထပ်တူမ ကျတော့ဘဲဖြစ်သင့်သည်ကို ဦးစားပေး လိုက် ရ
သည့် ကျောင်းသားများလည်း ဒု နှင့်ဒေးပင်ဖြစ်သည်။ ထိုအထဲတွင်တောင်
ကုတ်၌နေထိုင်သည့် မအိရွှေစင်ဖြိုးလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ ငယ် စဉ်
ကတည်း က တောင်ကုတ်တွင် လူနာများကို စေတနာထားပြီး ဆေးကုသပေးခဲ့သော
ဆရာဝန်တစ်ဦး၏ ဂုဏ်သတင်းကို အားကျလေးစားပြီး ဆရာဝန်ဖြစ်ရန် ရည်ရွယ်၍ စာကို
ကြိုးစားခဲ့သည်။
”မြန်မာနိုင်ငံရဲ့ ပညာရေးအရ အ မြင့်ဆုံးကလည်း ဆရာဝန်ပဲလို့ သိထားတဲ့
အခါကျတော့ ကိုယ့်စိတ်ထဲမှာ အမြင့်ဆုံး ကိုလိုချင်တာပဲသိထားတယ်။ အကောင်း
ဆုံးဆို တဲ့တစ်ခုပဲ။ အမြင့်ဆုံးကိုပဲ လိုချင် တဲ့စိတ်နဲ့ကြိုးစားခဲ့တာပါ”ဟု
သူက ယမန် နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ မဖြေခင် ရည်မှန်းချက်များ ကို ပြန်လ
ည်ပြောပြ သည်။ကြိုးစားခဲ့သည့်အတိုင်းပင် ခြောက် ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်း
အောင်ခဲ့သည်။ သို့သော် ဆေးတက္ကသိုလ်ဝင်ဖို့ အမှတ်မမီခဲ့၊ စိတ်ပျက်
လက်ပျက်ဖြင့် နိုင်ငံ တကာဆက်ဆံရေး (International Relation) ကို
ရွေးချယ်ခဲ့ရသည်ဟု သူမ က ဆိုသည်။
”ဒီဘာသာရပ်ကို တက်လို့ ဘဝအာ မခံချက်ရှိပါ့မလားဆိုတာ စဉ်းစားသေး တယ်။
ကိုယ်ကလည်း သူဌေးမဟုတ်တော့ မြန်မာနိုင်ငံရဲ့ အနေအထားအရ စားဖို့၊ သောက်
ဖို့ကလည်း ပူရသေးတယ်လေ။ ပိုပြီး စဉ်းစားရတယ်။ အိမ်ကတော့ ဘာ မဆိုကြိုးစားရင်
ကိုယ့်အတွက် ပန်းတိုင် တစ်ခုတော့ရှိမှာပါလို့ အားပေးတဲ့ အ တွက် ဖြစ်
ချင်တာထက် ဖြစ်သင့်တာကို ဦးစား ပေးခဲ့ရတာ”ဟု သူမက ပြောပြသည်။
တက္ကသိုလ်ဝင်ခွင့်ကို အမှတ်ဖြင့် ဖြတ်သောစနစ်သည် ကျောင်းသားများ အတွက်
အတားအဆီးဖြစ်စေသောစနစ် ဖြစ်၍ ပြင်ရမည်ဟု ပညာရေးကျွမ်းကျင် သူများက
ထောက်ပြကြသည်။ စာမေးပွဲ ကို စာစစ်ဦးစီးဌာနက စစ်ဆေးပြီး တက္က
သိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ် များက သတ်မှတ်သောစံနှုန်းဖြင့် စိစစ်
လက်ခံရန် ပညာရေးကျွမ်းကျင်သူများက ထောက်ခံချက်ပေးထားသည်။
”နိုင်ငံတကာမှာကျတော့ ကိုယ်ကြိုက် တဲ့ဘာသာရပ်ကို တက်ချင်ရင် ဝင်ခွင့်ဖြေ
ရတယ်။ ဝင်ခွင့်ရရင်တက်၊ မရရင်နောက် တစ်ကြိမ်ဝင်ဖြေပေါ့။ အဲလိုစနစ်မျိုးသွား
သင့် တယ်။ ဒီမှာက အမှတ်နဲ့ ဖြတ်လိုက် တဲ့အခါကျတော့ ကိုယ်တက်ချင်တာ
တက်ခွင့်မရတော့ဘူး”ဟု ဒေါက်တာ စိုင်း ခိုင်မျိုးထွန်းက ပြောကြားပြီး လက်ရှိ
ကျင့် သုံးနေသော တက္ကသိုလ်ဝင်ခွင့် စနစ် ကို ပြင်သင့်သည်ဟု ထောက်ပြသည်။
လုပ်သက် ၁၅ နှစ်ရှိ အခြေခံပညာ အထက်တန်းပြဆရာမ ဒေါ်ကြည်ကြည်
အေး(အမည်လွှဲ)ကလည်း ထိုအချက်ကို ထောက်ခံပြောကြားပြီး လက်ရှိ တက္က
သိုလ်ဝင်ခွင့် စနစ်သာမက လက်ရှိ ပညာ ရေးစနစ်ကိုလည်း ပြင်ရမည်ဟု ပြောသည်။
”ကလေးတစ်ယောက်က တောက် လျှောက် တစ်နှစ်လုံးကြိုးစားလာတယ်။ အနားနီးမှ
ကျန်းမာရေးမကောင်းတာတို့၊ ဘာတို့ကြောင့် ဘာသာတစ်ခုခုမှာ အ မှတ်နည်း သွား
တယ်ဆိုရင် သူဖြစ်ချင်တာ၊ လုပ်ချင်တာကို လုပ်ခွင့်မရတော့ဘူး။ သူ့ အတွက်
နစ်နာသွားပြီ။ သူကြိုးစားခဲ့တာ တွေ အချည်းနှီးဖြစ်သွားပြီ”ဟု ဒေါ်ကြည်
ကြည်အေး က ပြောသည်။ထို့ကြောင့် သက်ဆိုင်ရာတက္ကသိုလ်များက
ဝင်ခွင့်ဖြေဆိုစေသည့် စနစ်ကိုသာပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ထိုသို့ ပြု
လုပ်ခြင်းဖြင့် ကျောင်း သားများ သည်လည်း ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း
လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိလာမည်ဟု ပြောသည်။
မြန်မာနိုင်ငံမှ ကျောင်းသားအများ စုသည် ဘာသာရပ်များ၏ အသုံးဝင်ပုံကို
လည်းသေချာမသိကြသောကြောင့် တက္က သိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် အားနည်း ချက်
များဖြစ်နေကြောင်း၊ ထို့ကြောင့် ဘာ သာရပ်မိတ်ဆက်စာအုပ်ကို ဆရာများ အသင်းက
ပြုစုနေကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောသည်။”Physics ဆိုရင်
ဘယ် လိုအသုံးဝင်တယ်။ သမိုင်းဆိုရင် ဘာအတွက် အသုံးဝင်မလဲပေါ့။ ကျွန်တော်တို့
ဆိုင်ရာဆိုင်ရာ ဆရာတွေရေးနေတယ်။ ဒီစာအုပ်ကို ကိုးတန်းလောက် ကတည်း က
ဖတ်ခဲ့ရင် ကိုယ်ကဘာကို စိတ်ဝင်စားလဲ ကြိုသိနိုင် မယ်။ အဲဒါမျိုးတွေသိမှ
ရေရှည်ဘဝမှာ စိတ်ဝင်စားမှာ”ဟု ၎င်းက ပြောသည်။
ရှေ့လာမည့် ၂၄ ရက်ဆိုလျှင် တက္က သိုလ်ဝင်တန်း ကျောင်းသားများအတွက်
အဆုံးအဖြတ်ပေးနိုင်မည့် စာမေးပွဲကို ရင်ဆိုင်ရတော့မည်။ မိမိ ကြိုးစားသင်အံ
ထားသမျှ အိတ်သွန်ဖာမှောက်ဖြေဆိုရင်း ဘဝအတွက် မှန်ကန်သည့် ရွေးချယ်မှုကို
ပြုလုပ်နိုင်ရန်လည်း အရေးကြီးလှသည်။ယမန်နှစ်က တက္ကသိုလ်ဝင်စာမေး ပွဲကို
ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင် မြင်ခဲ့သော်လည်း ဆေးတက္ကသိုလ်တက်
ခွင့်မရခဲ့သည့် မအိရွှေစင်ဖြိုးတော့ ၎င်း၏ လက်ရှိခံစားချက်ကို ယခုလို
ပြောကြားသည်။
”တစ်ခုခုဆို အရမ်းမမှန်းထားဘူး။ မှန်းပြီးမှ လွဲချော်ခဲ့ရင် အရမ်းခံစားရတာ” ဟု မအိရွှေစင်ဖြိုးက ပြောသည်။
မင်းသုအောင်၊ မေဇင်ဝင်း၊ ထက်ထက်မိုးမြင့်

No comments:
Post a Comment