Wednesday, 23 April 2014

အသက် ၈ နှစ်အရွယ် ဆွံ့အနားမကြားမိန်းကလေးကို အသက် ၄၀ အရွယ်က မုဒိန်းကျင့်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ................ရပ်ကွက်ရှိ ................... လိုင်းခန်း အမှတ် (-) နေ လူမှု ၀န်ထမ်း ဦးစီးဌာန (၃) ဆွံ့အ နားမကြား ကလေးများကျာင်းမှ အသက် ရှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးကို အသက် (၄၀) အရွယ် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်မှု တစ်ခု ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ သင်တန်းကျောင်း ပလက်ဖောင်းတွင် ညစ်နွမ်း ပေကျံနေသော အဆိုပါ ကလေးငယ်အား တွေ့ရ သဖြင့် ရေချိုး ပေးရန် သင်တန်းကျောင်း ဆရာမများက အ၀တ်အစား ချွတ်ပေးစဉ် သွေးများ ပေကျံနေသော အဓမ္မ ပြုကျင့် ခံရသည့် အမှတ်အသားများ တွေ့ရသဖြင့် မေးမြန်းရာ လက်ဟန်ပြ သင်္ကေတဖြင့် ၄င်းအား အဓမ္မ ပြုကျင့်ခဲ့သူဖြစ် ကြောင်း ပြောဆိုခဲ့သည်ဟု မှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်၏ ပြောကြား ချက်အရ အဓမ္မပြုကျင့်သူသည် ................. လိုင်းခန်း အနောက်ဘက် သစ်ပင်အောက်တွင် ယာယီ တဲထိုး၍ နေထိုင်သူ တစ်ဦးဖြစ်ပြီး၊ အဆိုပါ သစ်ပင်အောက်တွင် ပင် တွန်းလှဲကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ ဦးခေါင်း ၀ဲဘက် ဂျိုစောင်းတွင် ပွန်းပဲ့ ဒဏ်ရာများ လည်း ရရှိခဲ့ကြောင်း လက်ဟန်ပြ သင်္ကေတ ဖြင့် ပြောဆို ခဲ့ကြောင်း သိရသည်။

““ကလေးကတော့ ကျန်းမာရေး အခြေအနေ သက်သာပါတယ်။ ဆေးစစ်ချက် လည်း ယူထား တာလည်း ရှိပါတယ်။ ဥပဒေ အတိုင်း စစ်ဆေးပြီးတော့ ဆက်လက် ဆောင်ရွက်မှာပါ”” ဟု မန္တလေးမြို့၊ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲမှူး ထိုက်လင်းစိုးက ပြောသည်။

အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံကို အ၀တ်အစား သက်သေများနှင့် အတူ ဖမ်းဆီး ထားပြီး (ပ)၂၂၃/၂၀၁၄ ပြစ်မှု ပုဒ်မ (၃၇၆) ဖြင့် အရေးယူရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှသိရ သည်။

The Messenger


No comments:

Post a Comment