Wednesday, 30 April 2014

မွေးရာပါ ဗိုက်ဖေါင်းနေသည့်ကလေးငယ်၊ ဆေးကုသရေး အခက်ကြုံနေ

မွေးရာပါ ဗိုက်ဖေါင်းနေသည့်ကလေးငယ်၊ ဆေးကုသရေး အခက်ကြုံနေ
======================================
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊
ယောစုကျေးရွာတွင် မွေးဖွားချိန်မှစတင်ပြီး ဗိုက်ဖေါင်းနေသော
ကလေးငယ်တစ်ဦးမှာ ဆေးကုသစရိတ်ခက်ခဲနေပြီး၊ ကျွမ်းကျင်ဆရာဝန်ကြီးများဖြင့် ပြသနိုင် ရေးပါ ခက်ခဲနေသည့်
အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

“မွေးရာပါလို့ပြောရမှာပါ၊ လေဖေါင်းနေတာလို့ပြောကြပါတယ်၊ ကျွန်တော်တို့လည်း ဘာမှနားမလည်ပါဘူး၊ ကလေးမြို့ဆေးရုံမှာပြတော့ မန္တလေး၊ ရန်ကုန်မှာ သွားကုသဖို့ပြောပါတယ်၊ ကျွန်တော်တို့မှာ စားရေးသောက်ရေးပါ ခက်ခဲနေတာဆိုတော့၊ ဘယ်လိုမှသွားလာဖို့မလွယ်ပါဘူး၊ ကျွန်တော်တို့ကိုကယ်ကြပါ။”ဟု ကလေးငယ်၏ မိခင်ကပြောသည်။

ကလေးငယ်မှာ အသက်တစ်နှစ်နှင့်ရှစ်လရှိပြီဖြစ်ပြီး ဦးမောင်နိုင်၊ ဒေါ်ခင်ဇော်အေး၏ ဒုတိယသားငယ်ဖြစ်သည်။
စေတနာရှင်များအနေဖြင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးသိန်းလှိုင် ဖုန်းနံပါတ်(၀၉-၄၉၂၇၁၅၀၆)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သီရိမေ-ကလေးဝ
News Watch

No comments:

Post a Comment