Sunday, 13 April 2014

အောင်ပြည့်စုံ အမြန်ယာဉ်တိမ်းမှောက်(၁)ဦးသေ

၁၁.၄.၂၀၁၄ က ယာဉ်မောင်း ကျော်သက်လွင် မောင်းနှင် လာသည့် အောင်ပြည့်စုံ့ Hyundai ခရီးသည် တင်ယာဉ် အမှတ် ၂က/၅၀၄၂ သည် တောင်ကုတ် - ပြည်လမ်း ရခိုင်ရိုးမ လမ်းပေါ် မိုင်တိုင်အမှတ် ၆၀/၂ ညောင်လံဒိုး ကျေးရွာ အနီးတွင် အရှိန် မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ရာ အကူယာဉ်မောင်း(မောင်------)အသက်၂၁နှစ် သေဆုံး သွားခဲ့သည်။

၎င်းအမြန်ယာဉ်သည် ရန်ကုန်မှ - ကျောက်ဖြူသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး၊ ခရီးသည်၁၆ဦး လိုက်ပါလာခဲ့ရာ(၅)ဦးမှာ ဒဏ်ရာပြင်းထန် ကြောင်း သိရှိရသည်။ ဒဏ်ရာရသူများထဲတွင် သံဃာတော်တစ်ပါး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၃ဦးတို့ဖြစ်သည်။

ယာဉ်မောင်းနှင့် စပါယ်မှာ ရှောင်တိမ်းလျှက်ရှိသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု သတင်းကို ရလျင်ရခြင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ နာရေးကူညီမှုအသင်း၊ သွေးလှူရှင်များအသင်း၊ စာကြည့်တိုက်များမှ အမှူဆောင်များ၊ ရခိုင်လူမှုကွန်ရက်မှ အမှုဆောင်များ၊ နယ်မြေခံတပ်မ၊ တပ်ရင်းများမှ ဆေးတပ်ဆရာဝန်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ACSN,GK

ရခိုင်လူမှု ကွန်ရက် တောင်ကုတ်


No comments:

Post a Comment