Tuesday, 22 April 2014

အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး  အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ်  ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။

          ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊   ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း   ဖြစ်သူ ဦး...... (၃၆) နှစ်  နှင့်  သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏  ခန္ဓာကိုယ်  အနေအ ထား  ပျက် ယွင်းနေသဖြင့် မေးမြန်းရာ လွန်ခဲ့ သော သုံးလခန့် က မ.......(၁၄) နှစ်အား ပထွေးဖြစ်သူ ဦး.........(၃၆) နှစ်က အလိုမတူ ဘဲ  သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည် ဟု ပြော ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဩရုံး၏ ပထမသတင်းပေးချက်များအရ သိရသည်။ ကျူးလွန်သူ ဦး..... ....(၃၆) နှစ်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ စစ်ဆေးမေးမြန်း နေပါတယ်”” ဟု လှော်ကားနယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Messenger  သတင်းစာသို့ ပြောသည်။

          ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦး........ (၃၆) နှစ်အား အရေးယူ  ပေးရန် ဒေါ်......... (၄၂) နှစ်၏ တရား လိုပြုတိုင်တန်းမှုအား လှော်ကားနယ်မြေ ရဲစခန်း (ပ) ၉၆/၁၄၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး၊ စခန်းမှူး ရဲအုပ် လှမြင့်မှ စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

The Messenger

No comments:

Post a Comment