Thursday, 24 April 2014

အင်းယားကန်၊ တံတားဖြူအနီးတွင်ရပ်တန့်ထားသောယာဉ်ပေါ်၌ရှိနေသူများ ထံမှ ပစ္စည်းများနှင့်ယာဉ်ကိုပါ လုယက်မောင်းနှင်ယူဆောင်သွားသဖြင့် အရေးယူပေးရန်တိုင်တန်း

အင်းယားကန်၊ တံတားဖြူအနီးတွင်ရပ်တန့်ထားသောယာဉ်ပေါ်၌ရှိနေသူများ
ထံမှ ပစ္စည်းများနှင့်ယာဉ်ကိုပါ လုယက်မောင်းနှင်ယူဆောင်သွားသဖြင့် အရေးယူပေးရန်တိုင်တန်း

ရန်ကုန်၊ ဧပြီ ၂၄

၂၄.၄.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်နေ ကိုအောင်ငြိမ်းသန့်မှ ၎င်းသည် သူငယ်ချင်းများဖြစ်သော စိုးရန်နိုင်၊ မြင့်လွင်၊ မယွန်းငဲ့ဖြူ၊ မယမင်းကေခိုင်၊ မမေသဇင်ဦးတို့နှင့်အတူ လှိုင်မြို့နယ်၊
ပြည်လမ်းရှိ အင်းယာကန်သို့ ယာဉ်အမှတ် ၄စ/၃၉၂၄ လင်ခရူဇာ အဖြူရောင်ကိုယ်ပိုင်ယာဉ်ဖြင့်သွားရောက်ခဲ့ပြီး တံတားဖြူအနီးတွင် ယာဉ်ကိုရပ်ထားခဲ့ကြောင်း၊ အတူပါသူ စိုးရန်နိုင်၊ မြင့်လွင်၊ မယွန်းငဲ့ဖြူ နှင့် မယမင်းကေခိုင်တို့မှာ ကန်ဘောင်ပေါ်သို့သွားခဲ့ကြသဖြင့် ယာဉ်ပေါ်တွင် ၎င်းနှင့် မမေသဇင်ဦးတို့(၂)ဦးသာ ကျန်နေခဲ့ကြောင်း၊ ထိုစဉ် အမည်မသိ အမျိုးသား(၅)ဦးရောက်ရှိလာပြီး ၎င်းတို့(၂)ဦးကို ချွန်ထက်သောအရာနှင့်
ထိုးခဲ့သဖြင့် ၎င်းတွင် ယာလက်ဖျံပေါက်ပြဲဒဏ်ရာ၊ မမေသဇင်ဦးတွင် ၀ဲလက်မောင်းပေါက်ပြဲဒဏ်ရာ တို့ရရှိခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့ပြီး မမေသဇင်ဦးထံမှ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဆွဲကြိုး(၁)ကုံး၊ စုစုပေါင်းတန်ဖိုး (၃၅၀၀၀၀)ခန့်နှင့် HUAWEI အမျိုးအစား ဆင်းကတ်ပါလက်ကိုင်ဖုန်း
(၁)လုံးတို့ကို ယူဆောင်သွားကြောင်း၊ ၎င်းတို့(၂)ဦးကိုလည်း ယာဉ်နှင့်
အတူ မောင်းနှင်ခေါ်ဆောင်သွားပြီး ရွာသာကြီးကျေးရွာ၊အမှတ်(၂)လမ်းမရှိ သပြေခြံကားမှတ်တိုင်အနီးတွင် ယာဉ်ပေါ်မှချထားခဲ့ကာ ယာဉ်ကိုမောင်းနှင်
ယူဆောင်သွားကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူများကို အရေးယူပေးပါရန် တိုင်းတန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း(ပ)၁၉၂/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၉၅ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသား(၅)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment