Tuesday, 15 April 2014

ကြော်ငြာ ဆိုင်းဘုတ်ဖြုတ်စဉ် လျှပ်စစ် ဓါတ်တိုင်များ ပေါ်သို့ ပြုတ်ကျခဲ့၍ ဓါတ်တိုင်များ လဲကျပျက်စီး

  ကြာ်ငြာ ဆိုင်းဘုတ်ဖြုတ်စဉ် လျှပ်စစ် ဓါတ်တိုင်များ ပေါ်သို့ ပြုတ်ကျခဲ့၍ ဓါတ်တိုင်များ လဲကျပျက်စီး

ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၁၃၁၀အချိန် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကျွန်းတောလမ်း၊ Junction Square ရှေ့တွင်  စိုက်ထူထားသော အလျား (၂၀)ပေ၊ အနံ(၁၅)ပေ၊ အလေးချိန်(၃)တန်ခန့်ရှိ Junction Square ကြော်ငြာဆိုင်းဘုတ်အား ဖြုတ်ယူရန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူ များဖြစ်သည့် ယာဉ်မောင်း ကိုထွန်းနှင့် ၀န်ချီစက်ကြိုးချိတ်လုပ်သား မော်တာလေး(ခ)မျိုးမြင့်အောင်တို့မှ ၆ဂ/---- ကရိန်းယာဉ်ဖြင့် ကြိုးချိတ်ပြီး မူလီ(၄)လုံးအနက် (၁)လုံးအားဖြုတ်၍ ကြိုးတင်းစဉ် ဆိုင်းဘုတ်မှာ အောက်သို့ပြုတ်ကျ သွားခဲ့ပါသည်။

၎င်းဆိုင်းဘုတ်ပြုတ်ကျစဉ် လမ်းဘေးရှိ လျှပ်စစ်ဓါတ်တိုင်ပေါ်သို့ကျခဲ့ရာ ဓါတ်တိုင်(၉)တိုင်လဲကျပျက်စီး သွားခဲ့သဖြင့် Junction Square တာဝန်ခံ ဒေါ်မိုးမိုးအေးမှ မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့သို့ အကြောင်း ကြားကာ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ပေါ့လျော့စွာပြုလုပ်ခဲ့၍ ဆိုင်းဘုတ်ပြုတ်ကျပြီး လျှပ်စစ်ဓါတ်တိုင် များလဲကျ ပျက်စီးခဲ့သဖြင့် အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment