Monday, 28 April 2014

"ကွန်ဂိုရထားမတော်တဆမှု သေဆုံးသူ (၇၀)ကျော်ထိ မြင့်တက်လာ"

"ကွန်ဂိုရထားမတော်တဆမှု သေဆုံးသူ (၇၀)ကျော်ထိ မြင့်တက်လာ"

တနင်္ဂနွေနေ့တွင် စုစုပေါင်း အသေအပျောက် ပမာဏသည် (၇၄)ဦးထိ ရှိနေပြီဟု ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာသည်။ ရထားတစ်စင်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နိုင်ငံအရှေ့တောင်ပိုင်း ဒေသရှိ ကာမီနာတွင် ခုတ်မောင်းနေရင်း လမ်းချော်သွားခြင်း ဖြစ်သည်။ ရထားပေါ် တင်ဆောင်လာသည့် ကုန်စည်များကြောင့် တွဲများအတွင်း ပိတ်မိနေသူ အများအပြား ရှိနေသလို ရထားလမ်းချော်သည့် နေရာသည် ရွှံ့နွံထူထပ်သဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဟန့်အတားများ ရှိနေကြောင်း AFPသတင်းဌာနက ဖော်ပြခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment