ေ ဟောင်ကောင် ၊ ၉-၄-၂၀၁၄
' မင် ' မင်းဆက် မှ ရှားပါးသည့် ခွက်တစ်လုံး
ကို ဟောင်ကောင် ၌ ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် လေလံပွဲ တစ်ခုတွင်
အမေရိကန် ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းချ နိုင်ခဲ့ခြင်းကြောင့် ယင်းဈေးနှုန်း
သည် ယခင်က အမြင့်ဆုံး အဖြစ် စံချိန်တင် ထားသည့် ဈေးနှုန်းကို ချိုးဖြတ်၍
စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွက်ကို တရုတ်နိုင်ငံတွင်
၁၄၆၅ ခုနှစ်မှ ၁၄၈၇ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် ' မင် ' မင်းဆက်၏ ဧကရာဇ်
တစ်ပါး ဖြစ်သူ ' ချန်ဟွာ ' ဘုရင် လက်ထက်တွင် သွန်းလုပ် ခဲ့ခြင်းဖြစ်ပြီး
ယင်းခွက်ကို တရုတ် ပြည်မကြီးမှ အမည်မဖော် လိုသူ ရှေးဟောင်း ပစ္စည်း
စုဆောင်းသူ တစ်ဦးက ၀ယ်ယူ သွားခဲ့ခြင်း ဖြစ်ကြောင်း Sotheby's လေလံ ကုမ္ပဏီ က
ပြောကြား ခဲ့သည်။
အဆိုပါခွက် မှာ အချင်း ၈ စင်တီမီတာ ( ၃ ဒသမ ၁ လက်မ ) သာရှိပြီး ယင်းခွက်ကို ကြက်ရုပ်များဖြင့် တန်ဆာဆင် ထားကြောင်း သိရသည်။
အဆိုပါ
ခွက်ကို ရောင်းချနိုင် ခဲ့သည့် ဈေးနှုန်းသည် ၂၀၁၀ ပြည့်နှစ် အတွင်းက
တရုတ်ကြွေထည် များတွင် အမြင့်ဆုံ ဈေးနှုန်းအဖြစ် စံချိန်တင် ထားခဲ့သည့်
ချင်းလုံ လက်ထက် မှ ပန်းအိုး၏ ဈေးနှုန်းကို ချိုးဖျက် ခဲ့သည်ဟု လေလံ ကုမ္ပဏီ
က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
Themyawadydaily

No comments:
Post a Comment