Saturday, 26 April 2014

အရှင်ရေ၀တ

ကျောက်မှဖြစ်ပေါ်လာတဲ့စိန်ဟာ မိမိ မှီရာဖြစ်တဲ့ အဲဒီကျောက်ကိုပဲ ထွင်းဖေါက်ဖျက်စီး သကဲ့သို့ပဲ မိမိ ပြုတဲ့ မိမိကြောင့်ဖြစ်တဲ့ မကောင်းမှုကံ ကပဲ အဲဒီကံကိုပြုတဲ့ လူမိုက် ကို ဖျက်စီး တာဖြစ်တယ်
ဘယ်သူကြောင့် ဖြစ်တယ်လို့ ပြောစရာ လိုသေးလား ? မလိုဘူးနော်
မိမိ တို့ ပြုခဲ့တဲ့ ကံ ကို မိမိ တို့ ခံကြရတာပဲ၊ မိမိ တို့ ခံရတဲ့အချိန်မှာ အသိဥာဏ်ရှိတဲ့ ဘ၀ တစ်ခု ရ ထားရင်တော့ ပြုံးပြုံး ကလေး နဲ့ တာ ခံကြပေတော့ ၊
ဘာကြောင့် လဲ ? ထပ်ပြီးတော့ မတုန့်ပြန်လိုက်ကျနဲ့
တုန့်ပြန်လိုက်ရင် တော့ ဒီ ကံ က အသစ် တစ်ခု ထပ်ပြီးတော့ အားကောင်းသွားလိမ့်မယ်၊
အနာဂတ် သံသရာခရီးမှာ ထပ်ပြီးတော့ ဒီ ကံ ရဲ့ အကြွေးတွေကို မိမိ က ပေးဆပ်ကြရမှာဖြစ်တယ်
လုံခြုံသောဘ၀ တရားတော် ( အရှင် ရေ၀တ - ဖားအောက်တောရ )

No comments:

Post a Comment