Sunday, 27 April 2014

အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်......၁

အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်......၁
=======================
၁။ အူဝဲလို့ မွေးကတည်းက

လူပဲလို့ တွေးဆစရာမလို

ခြေထောက်ကို ရုန်းကန်

အားမာန်ကို သွင်းထည့်

အရင်းမဲ့လူသား

အပူများနဲ့ ခရီးသွား စခဲ့ပေါ့ . . . ။



၂။ အချို့က . . .

ရွှေလင်ဗန်းနဲ့ အချင်းဆေး

နွေခင်တန်းနဲ့ အလျင်းဝေးကြတော့

သီချင်းတအေးအေးနဲ့လူဖြစ်

သတင်းတမွှေးမွှေးနဲ့ တမူသစ်ပြီး

လူခေတ်မှာ လူဖြစ်ကာ အကျိုးနပ်ကြလေရဲ့ . . . ။



၃။ အချို့ကျတော့ . . .

သန္ဓေတည်ကတည်းက ဒုက္ခကိုသယ်

ကိုးလလွယ်၍ ဆယ်လဖွား

ရာဇဘွားမဟုတ် . . . မရဏဖွားသရုပ်နဲ့

ရှုပ်လှတဲ့ အထုပ်ပွပွကြီးကိုထမ်း . . .

ရုပ်ဘ၀ဆိုတဲ့ ခရီးကြမ်းမှာ

ဒုက္ခကို အပိုထည့် မြည်းစမ်းရင်း

တစ်မီး တစ်ဝမ်းကို နည်းလမ်းအဖုံဖုံနဲ.

ခ၇ီးကြမ်း အစုံကိုဖြတ်

ကန္တာရဆိုတဲ့ မီးတောကို ပတ်ခဲ့သပေါ့ . . . ။



၎။ ဒါပေါ့ကွယ် . . .

စမ်းချောင်းရေခရီးမှာ

ပန်းလောင်းလှေစီးပြီး

အလွမ်းဟောင်းတွေခြွေ

အနမ်းပေါင်း တဝေေ၀နဲ့

သိင်္ဂါရလေပြေညှင်း . . . တသင်းသင်းတိုက်လို့

အကြောင်းမလှသူများကတော့ . . .

ဆရာမြသန်းတင့်ရဲ့ စကားငှားရရင်

ဓါးတောင်ကိုကျော် . . . မီးပင်လယ်ကိုဖြတ်

အပူကဟပ် လူကကြပ်သနဲ့

ပါးစပ်ကများ . . . ၀မ်းကပွားပြီး

ခရီးသွားအများရူး

ဓားဦးနဲ့ အဆွခံ

ဘ၀ဒဏ် အမာရွတ်အထပ်ထပ်နဲ့

အလှသဏ္ဌာန်ဟာ ကဗျာလွတ်မကတတ်သလိုပေါ့ . . . ။

အပြုံးမြို့သားများရဲ့ ထာဝရပစ္စုပ္ပန်......၂ သို့ ဆက်လက်စောင့်ဖတ်ပေးပါ။
ရွှေအိမ်စည်
— with လင်း သက် and 2 others.

No comments:

Post a Comment