အသုံးပြုချင်ရင်တော့ အရင်ဆုံး GMail Drive v 1.0.18 Software ကို Download ဆွဲရမှာဖြစ်ပါတယ်။ပြီးရင် Set up ဖိုင်လေးကို Computer မှာ Install လုပ်လိုက်ပါ။Install လုပ်ပြီးရင် My Computer ရဲ့  Other မှာ GMAil Drive လို့ ပေါ်နေတာတွေ့ ရပါလိမ့်မယ်။သုံးချင်လျှင် အဲဒါ ကို Double Click ပေးလိုက်ရင် GMail Login ၀င်ခိုင်းပါလိမ့်မယ်။အသုံးပြုမယ့် Account သည် အသစ်ဖြစ်လျှင် ပိုကောင်းပါတယ်။အသစ်ဖြစ်မှ 7.45 GB အပြည့် အ၀ ရရှိ မှာဖြစ်ပါတယ်။Login ၀င်ပြီး ခဏလေးစောင့်လိုက်တာနဲ့  မိမိ Computer ထဲမှာ 7.45 GB ရှိတဲ့ Drive တစ်ခု Free သုံးလို့ ရသွားပါပြီ။
Account ပြောင်းချင်ရင် Double Click လုပ်ပြီး Log Out လုပ်လိုက်လျှင်ရပါပြီ။
ကျွန်တော်ကိုယ်တိုင် ဘာမှမသုံးရသေးတဲ့ GMail Account အသစ် နဲ့  သုံးတာ 10 GB Free ရပါတယ်။မိတ်ဆွေတို့ လည်း စမ်းသပ်ကြည့် ပါ။
GMail Drive v 1.0.18 Software Download ဆွဲရန် ဒီမှာနှိပ်ပါ
No comments:
Post a Comment