Thursday, 8 May 2014

အရှိန်လွန်သည့်ယာဉ်မှ လမ်းဘေးရှိ သစ်ပင်နှင့် ရပ်ထားသော ယာဉ်တို့အား တိုက်မိပျက်စီး

အရှိန်လွန်သည့်ယာဉ်မှ လမ်းဘေးရှိ သစ်ပင်နှင့် ရပ်ထားသော
ယာဉ်တို့အား တိုက်မိပျက်စီး

ရန်ကုန်၊ မေ ၈

၇.၅.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန်တွင် တာမွေမြို့နယ်၊ ဗညားဒလ
လမ်းအတိုင်း ကျောက်မြောင်းမီးပွိုင့်ဘက်မှ ယုဇနပလာဇာဘက်သို့ ယာဉ်မောင်း မင်းမင်းစိုး၊ (၂၅)နှစ်၊ တာမွေမြို့နယ်နေသူမောင်းနှင်
လာသော 7C---- NISSAN GLORIA ကိုယ်ပိုင်ယာဉ်သည် (၁၄၈)လမ်းထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ ယာဘက်
လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိပြီး လမ်းဘေး၌
ရပ်ထားသော ၇ဃ/---- TOYOTA SUCCEED အငှားယာဉ်အား ဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးကာ တန်ဖိုးငွေကျပ်
သိန်း(၅၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မင်းမင်းစိုးအား တာမွေမြို့မရဲစခန်း ယာဉ် (ပ)၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment