Monday, 19 May 2014

အလိုအလျောက်သန့် စင် နိုင်တဲ့ နည်းပညာသုံး ကမ္ဘာ့ပထမဆုံးကား

အလိုအလျောက်သန့် စင် နိုင်တဲ့ နည်းပညာသုံး ကမ္ဘာ့ပထမဆုံးကား

အညစ်အကြေးစွန်းပေမှုကနေ အလိုအလျောက်သန့် စင် နိုင်တဲ့ နည်းပညာသုံး ကမ္ဘာ့ပထမဆုံးကား ကို Nissan မိတ်ဆက်
 ဂျပန်ကားကုမ္ပဏီ Nissan ဟာ အစွန်းအထင်းတွေ စွန်းပေမှုက ကာကွယ်ပေးနိုင်မယ့် နာနိုသုတ်ဆေး နည်းပညာကို ချပြခဲ့ပါတယ်။ ကားဆေးတဲ့လုပ်ငန်းတွေကို အဆုံးသတ်ပေးမယ့် နည်းပညာအဖြစ် ခန့်  မှန်းထားကြပါတယ်။

ဗြိတိသျှအင်ဂျင်နီယာတွေဟာ အဆန်းသစ်ဆုံးနည်းပညာတစ်ခုဖြစ်တဲ့ နာနိုသုတ်ဆေး နည်းပညာကို စမ်းသပ်နေတာ ဖြစ်ပြီး အစွန်းအထင်းတွေ ပစ္စည်းမှာ အမြဲမစွန်းပေသွားခင် ဖျောက်ဖျက်ပစ်နိုင်မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။

ခရီးဝေးသွားမယ့်ယာဉ်မောင်းတွေ၊ ယာဉ်ကိုဆေးကြောရမှာပျင်းတဲ့လူတွေ၊ ကားရေဆေးလုပ်ငန်းမှာ ငွေကုန်ကြေးကျခံရမှာ ကြောက်တဲ့ ကားပိုင်ရှင်တွေအတွက် မကြာခင် ဒီနည်းပညာကို လက်ထဲ အရောက်ပို့  ဆောင်ပေးသွားမယ်လို့ Nissan က ကြေငြာထားပါတယ်။

လောလောဆည် ဒီနည်းပညာကို Nissan ကုမ္ပဏီထုတ် Nissan Note ကားမှာ စမ်းသပ်နေပြီး နောက် ကားမျိုးဆက်သစ်တိုင်းမှာ အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေဟာ အရည်နဲ့ အဆီ စွန်းထင်းမှုတွေက ကာကွယ်ပေးနိုင်မယ့် သုတ်ဆေးတစ်မျိုးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီး အသစ်ထုတ်လုပ်မယ့် Nissan Note supermini ကားတွေမှာ အသုံးပြုထားပြီး ကမ္ဘာ့ပထမဆုံး အလိုအလျောက်သန့် စင်နိုင်တဲ့ကား အဖြစ် နာမည်တပ်ထားပါတယ်။ ဒီနည်းပညာကို Ultra-Ever Dry နည်းပညာလို့ နာမည်ပေးထားပြီး တရားဝင်မှတ်ပုံတင်ပြီးပြီဖြစ်ကြောင်း သိရပါတယ်။

Nissan Note ကားတစ်စီးရဲ့ ဘယ်ဘက်ခြမ်းမှာ သာမန်သုတ်ဆေး သုတ်ပြီး၊ ညာဘက်ခြမ်းမှာ နာနိုသုတ်ဆေး အသုံးပြုထားတဲ့ ကားတစ်စီးနဲ့ လက်တွေ့ စမ်းသပ်ပြခဲ့တာကို ကြည့်ရှုနိုင်ပါတယ်။



Ref: Dailymail.co.uk

No comments:

Post a Comment