Monday, 5 May 2014

မော်ကျွန်းတွင် မိန်းကလေးသုံးမြွှာပူးအောင်မြင်စွာမွေးဖွား

မော်ကျွန်းတွင် မိန်းကလေးသုံးမြွှာပူးအောင်မြင်စွာမွေးဖွား
==============================
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဘုရားကြီးကုန်း ကျေးရွာအုပ်စု ဘုရားကြီးကုန်းရွာမနေ တောင်သူ ဦးမင်းလွင်ဦး၏ ဇနီးဒေါ်ခင်မာညို (၂၉)နှစ်သည် ဧပြီ ၂၆ရက် နံနက်၎ နာရီခွဲမှစတင်ပြီး ငါးမိနစ်ခြား၍ သုံးပေါင်စီရှိသော မိန်းကလေးသုံးဦး အား အထူးကုဆရာဝန် ဒေါက်တာ နီနီဇော်နှင့် ဆရာဝန် ဆရာမများ အကူအညီဖြင့် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းသုံးမြွှာပူးမိခင် ဒေါ်ခင်မာညိုနှင့် သမီးမိန်းကလေးသုံးဦးတို့အား ခုတင်(၁ဝဝ)ဆေးရုံအုပ် ဒေါက်တာအေးအောင်နှင့် တာဝန် ကျဆရာဝန်ဆရာမများက အနီးကပ်စောင့်ရှောက်ကြီးကြပ်ပေးမှု တို့ကြောင့်မိခင်နှင့် ကလေးသုံးဦးစလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
အဆိုပါသုံးမြွှာပူးမိခင်ဒေါ်ခင်မာညိုမိသားစုသည် လယ်တစ်ဧကတည်းဖြင့် လုပ်ကိုင်စားသောက်သူများဖြစ်ပြီး ဆင်းရဲနွမ်းပါးသောကြောင့် အလှူ ရှင်များ ပါဝင်လှူ ဒါန်းလိုပါက မော်လမြိုင်ကျွန်း ခုတင် (၁ဝဝ)ဆေးရုံ ဝ၉၄၉၁၅၁၁၃၇၊ ဝ၉၄၂၂၅၃ဝဝ၃၂တို့သို့ဆက်သွယ် လှူ ဒါန်းနိုင်ကြောင်း သိရသည်။
မော်ကျွန်းမြင့်အောင်

No comments:

Post a Comment