Wednesday, 21 May 2014

နိုင်ဂျီးရီးယားမှာ ကားဗုံး ပေါက်ကွဲ မှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

 နိုင်ဂျီးရီးယားနိုင်ငံ ​ဂျော့စ်မြို့ရဲ့ ​လူစည်ကားတဲ့ ​မြို့လည်ဈေးအတွင်းမှာ ​ကားဗုံး ​၂ ​လုံး ​ပေါက်ကွဲခဲ့တာ ​ကြောင့် ​အနည်းဆုံး ​လူပေါင်း ​၁၁၈ ​ဦး ​သေဆုံးသွားခဲ့ပြီး ​၅၀ ​ကျော် ​ဒဏ်ရာ ​ရရှိသွားပါတယ်။

ဒေသစံတော်ချိန်နေ့လည် ​၃နာရီ ​ခန့်မှာ ​ကုန်တင်ကား ​တစ်စီးကနေ ​ပထမဗုံးပေါက်ကွဲခဲ့ပြီး ​နောက်ထပ် ​မိနစ် ​၂၀ ​အကြာမှာတော့ ​ဘတ်စ်ကား ​အငယ်လေး ​တစ်စီးကနေ ​ပေါက်ကွဲခဲ့တာ ​ဖြစ်ကြောင်း ​မျက်မြင်သက်သေတွေက ​ဆိုပါတယ်။

အရင်ကလည်း ​ဒီနယ်မြေအတွင်းမှာ ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ ​ဘိုကိုဟာရမ်ရဲ့ ​တိုက်ခိုက်မှုတွေရှိတာကြောင့် ​အခုတိုက်ခိုက်မှုကိုလည်း ​ဘိုကိုဟာရမ်တွေက ​လုပ်ဆောင်တာလို့ ​အများက ​ယုံကြည်နေကြပါတယ်။

ခရစ်ယာန်တွေနဲ့ ​မွတ်စလင်တွေ ​အဓိကနေထိုင်တဲ့ ​ဒီဒေသမှာ ​မကြာခဏဆိုသလိုပဲ ​ဗုံးခွဲတိုက်ခိုက်မှုတွေ ​ရှိခဲ့ပြီး ​ပြီးခဲ့တဲ့ ​လတွေကတိုက်ခိုက်မှုတွေကြောင့်လည်း ​လူပေါင်း ​၉၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

ABC Radio Australia

ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ (Credit: AFP)

No comments:

Post a Comment