Tuesday, 20 May 2014

စက်ပြင်ဆရာ တရုတ်နိုင်ငံသား (၁)ဦး စက်ညှပ် သေဆုံး

၁၉.၅.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်ခန့်တွင် မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်၊ မြောင်တကာစက်မှုဇုန်ရှိ ကြက်အစာစပ်စက်ရုံမှ စက်ပြင်ဆရာ တရုတ်အမျိုးသား(၁)ဦး စက်ညှပ်ခံရပြီး ဒဏ်ရာများရရှိသဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်းသတင်းအရ ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါစက်ရုံ၌ လျှပ်စစ် စက်ပြင်ကျွမ်းကျင်အဖြစ် လုပ်ကိုင်သူ တရုတ်နိုင်ငံသား Mr.Jiang(or)Yu Qiang (၃၁)နှစ်ဖြစ်ပြီး ၎င်းတွင် ဝဲနားပွန်းပဲ့၊ ယာနားအုံညိုမဲပွန်းပဲ့ ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၉၃၀ အချိန်ခန့်က ၎င်းသည် စက်ရုံ၌ စက်ပြင်ပြီး စမ်းသပ်မောင်းနှင်စဉ် စက်ညပ်၍ဒဏ်ရာများရရှိကာ သတိလစ် သွားသဖြင့် မြောက်ဥက္ကလာဆေးရုံသို့ပို့အပ်ကုသစဉ် လမ်း၌သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၁၄)ဖြင့် ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment