Tuesday, 20 May 2014

ဇနီးဖြစ်သူက ကတ်ကြေးဖြင့်ထိုးရာမှ ယောင်္ကျားသေဆုံး

ဇနီးဖြစ်သူက ကတ်ကြေးဖြင့်ထိုးရာမှ ယောင်္ကျားသေဆုံး

ပြည် မေ ၁၉

ပဲခူးတိုင်းဒေသကြီးကိုးသောင်းတိုးချဲ့ကွက်သစ် ပြည်သာယာရပ်ကွက် ပြည်မြို့တွင် ဇနီးဖြစ်သူက ခင်ပွန်းကို ကတ်ကြေးဖြင့် ထိုးရာမှ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၆ ရက် ညနေ ၃ နာရီက ကိုးသောင်းတိုးချဲ့ ကွက်သစ် ပြည်သာယာရပ်ကွက် ပြည်မြို့တွင် ဝင်းမြင့်ထွန်းလတ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီး မနန္ဒာဝင်းနှင့် စကားများ ရန်ဖြစ်ရာမှ မနန္ဒာဝင်းက ကတ်ကြေးဖြင့် ဝင်းမြင့်ထွန်းလတ်၏ ယာဘက်ရင်အုံကို ထိုးမိရာ အခင်းဖြစ်နေရာတွင် ဒဏ်ရာ များဖြင့် သေဆုံး သွားသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ပြည်အမှတ် (၃) မြို့မရဲစခန်းက အမှုရေး ဖွင့်ပြီး တရားရုံးတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment