Monday, 12 May 2014

လက်နှစ်ဖက်ပြတ်နေပေမယ့် ကမ္ဘာ့အကောင်းဆုံး စားပွဲတင် တင်းနစ်ကစားသမားတွေကို အနိုင်ရိုက်နိုင်ခဲ့သူ

လက်နှစ်ဖက်ပြတ်နေပေမယ့် ကမ္ဘာ့အကောင်းဆုံး စားပွဲတင် တင်းနစ်ကစားသမားတွေကို အနိုင်ရိုက်နိုင်ခဲ့သူ Monday, May 12, 2014 တစ်စုံတစ်ခုကြောင့် ခင်ဗျားရဲ့ အိပ်မက်တွေ ပြိုလဲပျက်ဆီးခဲ့ရတယ်လို့ တွေးမိခဲ့ဖူးပါသလား။ ဒါဆို ဒီလူ ကို ကြည့်ဖို့ လိုပါပြီ။ အီဂျစ်လူမျိုး စားပွဲတင်တင်းနစ်ကစားသမား Ibrahim Hamato ဟာ အသက် ၁၀ နှစ်အရွယ်တုန်းက ကားမတော်တဆမှုတစ်ခုမှာ သူ့ ရဲ့ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ ၀ါသနာအပါဆုံး အားကစားနည်းကနေ မစွန့် ခွာချင်ခဲ့ပါဘူး။ ဒါကြောင့် ရိုက်တံကို ပါးစပ်နဲ့ ကိုက်ပြီး စားပွဲတင်တင်းနစ် ကစားဖို့  အတွက် ကြိုးစားခဲ့ပါတယ်။ အခုဖော်ပြပါ Youtube ဗီဒီယိုထဲမှာ Ibrahim ဟာ ကမ္ဘာမှာရှိတဲ့ အကောင်းဆုံး စားပွဲတင်တင်းနစ်ကစားသမား တွေနဲ့ ယှဉ်ပြိုင်ပြီး ကစားခဲ့တာကို တွေ့ မြင်နိုင်ပါတယ်။ ပွဲစဉ်တော်တော်များများမှာ Ibrahim ရှုံးနိမ်ခဲ့ပေမယ့် အနိုင်ပွဲတွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကြီးစားပွဲတင်တင်းနစ်ကစားသမားတွေ ကိုယ်တိုင်က ခက်ခဲတဲ့ပြိုင်ဘက် အဖြစ် အသိအမှတ်ပြုခြင်းလည်း ခံခဲ့ရပါတယ်။ သူ့ ရဲ့ ဆောင်ပုဒ်ကတော့ “ ကြိုးစားရင် မဖြစ်နိုင်တာ မရှိပါဘူး” တဲ့။ ကျွန်တော်တို့ ဟာ မဖြစ်စလောက် အခက်အခဲလေးတွေ ကြုံတွေ့ တိုင်း ညည်းညူစိတ်ပျက်နေမယ့်အစား Ibrahim လို ကံကြမ္မာကို အရှုံးမပေးဘဲ ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။ Ref: Metro.co.uk trend myanmar http://www.youtube.com/watch?v=aDdh2439hnU

No comments:

Post a Comment