Tuesday, 6 May 2014

နစ်မြုပ်သင်္ဘောပေါ်ပါ ပျောက်ဆုံးသူများကို ရှာဖွေသည့် ရေငုပ်သမား သေဆုံး

နစ်မြုပ်သင်္ဘောပေါ်ပါ ပျောက်ဆုံးသူများကို ရှာဖွေသည့် ရေငုပ်သမား သေဆုံး
Tuesday, May 6, 2014

ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားသင်္ဘောပေါ်ရှိ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ ရေငုပ်သမားတဦး ဒီနေ့မှာ သတိလစ် မေ့မြောသွားပြီးနောက် သေဆုံးခဲ့ပါတယ်။ရေငုပ်ပြီး ၅ မိနစ်အကြာမှာပဲ ရေငုပ်သမားဟာ ရေဒီယို ဆက်သွယ်ရေး ပြတ်တောက် သွားခဲ့ပြီး ရေပေါ်ကို ပြန်ဆယ်ယူလာတဲ့ အချိန်မှာ အသက်ရှူရပ်နေတဲ့အတွက် ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ခဲ့ရပြီးနောက် ဆေးရုံ မှာ သေဆုံးသွားတယ်လို့ ဆေးရုံက အတည်ပြုပါတယ်။

ရေငုပ်သမားဟာ ကယ်ဆင်ရေးလုပ်ငန်းတွေကို ဦးဆောင်တဲ့ ကုမ္ပဏီက ၀န်ထမ်း ဖြစ်ပါတယ်။

ဧပြီ ၁၆ ရက်နေ့က နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း ၄၇၆ ယောက် လိုက်ပါသွားခဲ့ပြီး ၃၃၉ ယောက်ကတော့ အထက်တန်း ကျောင်းတကျောင်းတည်းက ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေ ဖြစ်ပါတယ်။

ဂျယ်ဂျူးကျွန်းဆီကို အပန်းဖြေခရီးထွက်ရင်းနဲ့ နစ်မြုပ်သွားတာ ဖြစ်ပြီး လူ ၁၇၄ ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။

မေ ၆ ရက် ဒီနေ့ မနက်ပိုင်းအထိ ၂၆၃ လောင်းကို ပြန်ဆယ်ယူနိုင်ပြီး ၃၉ လောင်းကတော့ ပျောက်ဆုံးနေပါတယ်။

DVB TV News

No comments:

Post a Comment