Tuesday, 6 May 2014

လမ်းလျှောက်နေသူ အမျိုးသမီးထံမှ ငွေများထည့်ထားသော ကြွပ်ကြပ် အိတ်ကို ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၃)ဦးမှ လုယူထွက်ပြေး

လမ်းလျှောက်နေသူ အမျိုးသမီးထံမှ ငွေများထည့်ထားသော ကြွပ်ကြပ်
အိတ်ကို ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၃)ဦးမှ လုယူထွက်ပြေး
Tuesday, May 6, 2014

၎.၅.၂၀၁၄ရက်နေ့၁၉၃၀အချိန်တွင် အင်းစိန်မြို့နယ်နေ ဒေါ်ယဉ်ယဉ်ဆန်းမှ
၎င်းသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ “ကောင်း”ဆေးရုံသို့သွားရောက်ရန်အတွက် ခင်ပွန်းဖြစ်သူနှင့်အတူ အောက်
မင်္ဂလာဒုံလမ်းအတိုင်းလမ်းလျှောက်
လာခဲ့ကြောင်း၊ထိုသို့လမ်းလျှောက်လာစဉ် “အောင်ထက်”ကျူရှင်ရှေ့အရောက် နောက်ဘက်မှ အမျိုးသား(၃)ဦးတို့စီးနင်း
လာသော ဆိုင်ကယ်(၁)စီးမှာ ၎င်းတို့အနီးသို့ရောက်ရှိလာပြီး အမျိုးသား(၃)ဦး
အနက်(၁)ဦးမှ၎င်းကိုင်ဆောင်ထားသောငွေကျပ်(၈)သောင်း၊ နိုင်ငံသားစိစစ်
ရေးကတ်ပြားနှင့် ဆေးဝါးများထည့်ထားသော အဖြူရောင်ကြွပ်ကြပ်အိတ်အား
လုယူ၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသား(၃)ဦးအား အရေးယူပေးရန် တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။
တိုင်တန်းချက်အရအင်းစိန်မြို့မရဲစခန်း(ပ)၄၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်

Yangon Police

No comments:

Post a Comment