Thursday, 1 May 2014

ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ မဲဖောက်ရောင်းချ

ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ မဲဖောက်ရောင်းချ

ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ငွေကျပ် ၁၅ဝဝ တန် CDMA (800 MHz) ဆင်းကတ်များကို ယမန်နေ့ နံနက် ၉ နာရီက ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက် အတွက် အချိုးကျခွဲဝေ ပေးခဲ့ပြီး အဆိုပါ ရရှိသော ဆင်းကတ်များကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စီစဉ် ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် ရပ်ကွက်ဓမ္မာရုံ အသီးသီး၌ ရပ်ကွက်အတွင်းရှိ အိမ်ခြေ လူဦးရေ စာရင်းများအလိုက် မဲနှိုက် ရောင်းချမှုများ ဆောင်ရွက် ပေးခဲ့သည်။
ဧပြီလအတွင်း မြို့နယ်များမှ ရရှိသော ခွဲတမ်းမှာ CDMA (800 MHz) ကတ် ၃၅ဝဝ၊ ဆင်းကတ်ပေါင်း ၃၅ဝဝ ဖြစ်ပြီး ရပ်ကွက် အသီးသီးတို့မှလည်း မိမိရပ်ကွက်တွင် ဖုန်းလျှောက် ထားသူများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများ၊ ရပ်ကွက် ဓမ္မာရုံများ၌ အများပြည် သူများ ရှေ့မှောက်တွင် မဲဖောက် ပေးခဲ့ကြောင်း သိရသည်

No comments:

Post a Comment