Saturday, 17 May 2014

လာအိုဒုတိယ၀န်ကြီးချုပ် လေယာဉ်ပျက်ကျ သေဆုံး

လာအိုဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဒေါင်ချွိင် ပီချစ် Douangchay Phichit ဟာ မေလ ၁၇ ရက်နေ့ မနက်က လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ လာအိုစစ်တပ်က အတည်ပြုပြောဆိုပါတယ်။

ဒုတိယ၀န်ကြီးချုပ်နဲ့အဖွဲ့ဟာ AN74-300 စစ်ဖက်လေယာဉ် နဲ့ လာအိုအရှေ့မြောက်ပိုင်း ဇီရန်ကွမ်းခရိုင်မှာ ဖွင့်ပွဲအခမ်းအနားတခုကို တက်ရောက်ဖို့သွားရင်း လေယာဉ်မဆင်းမီ မနက် ၆နာရီခွဲမှာ ပျက်ကျခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ထိုင်းရတ်သတင်းဌာနက လာအိုစစ်တပ်ကို ကိုးကားပြီးဖော်ပြပါတယ်။

လာအိုဒုတိယ၀န်ကြီးချုပ်အပြင် ဗီယင်ကျန်းမြို့တော် အုပ်ချုပ်ရေးမှူးနဲ့ ဇနီး၊ လာအိုပြည်သူ့ တော်လှန်ရေးပါတီအတွင်းရေးမှူး နဲ့ တော်လှန်ရေးပါတီ ၀ါဒဖြန့်ချီရေးကော်မတီဥက္ကဌတို့လည်း လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ မသိရှိသေးပါဘူး။ လေယာဉ်ပေါ်မှာ လူ ၂၀ လောက် လိုက်ပါသွားကြပြီး တွဲဖက်လေယာဉ်မှူး၊ သူနာပြုတဦးနဲ့ တခြားသူတဦး စုစုပေါင်း ၃ ဦး အသက်ရှင်တယ်လို့ ထိုင်းရတ်သတင်းဌာနက ဆိုပါတယ်။

 DVB

No comments:

Post a Comment