Tuesday, 6 May 2014

ကားစလစ်ပေါက်ဈေး ကျပ် ၁၀၅ သိန်းထိရှိ

ကားစလစ်ပေါက်ဈေး ကျပ် ၁၀၅ သိန်းထိရှိ


ယာဉ်အိုယာဉ်ဟောင်း စနစ်ဖြင့်(၁က) အက္ခရာအပ်နှံမှုနည်းပါးနေသဖြင့် ပြင်ပတွင်
စလစ်ပေါက်ဈေး ကျပ် ၁၀၅ သိန်းအထိမြင့်
တက်နေကြောင်း ပြည်တွင်း ကားဈေးကွက်မှ
စုံစမ်းသိရှိရသည်။

ပြင်ပတွင် အရည်ကျိုအပ်နှံ ရန်(၁က) ကားအစီးရေမှာ နှစ် သောင်းကျော်ရှိသော်လည်းလက်ရှိတွင် ကညနသို့ အစီးရေ ၈၀၀ ကျော်သာ အပ်နှံပြီးဖြစ်သော ကြောင့် ဧပြီလနောက်ဆုံးပတ်မှ စတင်၍ စလစ်ပေါက်ဈေးမြင့် တက်လာခဲ့သည်။

သင်္ကြန်မတိုင်မီက ကားတင် သွင်းရာတွင် ပေးဆောင်ရသည့် အခွန်နှုန်းထားအများစု လျှော့ချ လိုက်ခြင်းကြောင့် ပြည်ပမှ ကား တင်သွင်းသူများ အရှုံးပေါ်မည် စိုးသဖြင့် ရပ်နားမှုများ ရှိနေ သည်။ ‘‘စလစ်ကိုင်ထားတဲ့သူတွေ က မရောင်းချင်သေးဘူး။ ဈေး တက်အောင် ထပ်စောင့်နေတာ’’ ဟု မင်းရဲကျော်စွာ ယာဉ်ရောင်း ၀ယ်ရေးစခန်းမှ ကားဝယ်ရောင်း ကိုကျော်စွာစိုးကပြောသည်။

(၁က) အက္ခရာကို ဧပြီ ၄ ရက် တွင် စတင်လက်ခံခဲ့ကာ (၂က)ကိုမူ အောက်တိုဘာမှသာ စတင် လက်ခံခဲ့ပြီး ခြောက်လ ကြာမြင့်မှသာ အက္ခရာ တစ်ခုချင်းစီ လက်ခံမည်ဆိုခြင်းကြောင့် ယင်းကာလတွင် စလစ်ဈေး ထပ်မံမြင့်တက်ရန် ဈေးကစားသူများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူများအသင်း ဒုဥက္ကဋ္ဌ ဦးမျိုးသန့်ကသုံးသပ်သည်။

စလစ်ဖြင့် တင်သွင်းရသော မော်ဒယ်မြင့်ကားများ၏ ဈေးနှုန်း မှာ ကျဆင်းမှုမရှိဘဲ ဆိပ်ကမ်း သို့ တင်သွင်းလာသည့် ကားများ ကို လုပ်ငန်းရှင်အများစုက မထုတ်ယူသေးဘဲ စောင့်ကြည့်နေ ကြသည်။

လက်ရှိတွင် ပြည်တွင်းကား ဈေးကွက်၌ ပြီးခဲ့သည့်နှစ်က ပရို ဘောက်စ်ယာဉ်များနှင့် နှစ်ကုန် ပိုင်းတွင် လူကြိုက်များပြီး အ ရောင်းအ၀ယ်ဖြစ်ခဲ့သည့် အေဒီ ဗန်နေရာတွင် CIF တန်ဖိုး အ ပြောင်းအလဲကြောင့် အခွန်သက် သာလာသည့် တိုယိုတာ ဘယ်တာ၊ ဟွန်ဒါဖစ်နှင့် နစ်ဆန်းဝမ်း ဂရုတ်ကားများ အများဆုံးအ ရောင်းအ၀ယ် ဖြစ်နေကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်းတစ်ဦးက ဆိုသည်။

ကျောက်မြောင်း သတိပဋ္ဌာန် ကားပွဲစားဝင်းတွင်မူ လုပ်ငန်းသုံး နှင့် ကျောင်းဖွင့်ရာသီအမီကျောင်းကားများအဖြစ် အသုံးပြုရန် ကိုရီးယား ဘွန်ဂိုနှင့် ခွေးဘီလူးဟိုက်ဂျက်များ နယ်အ၀ယ်လိုက်လာပြီး အိမ်စီးအနေဖြင့် ဟွန်ဒါဖစ်အင်းဆိုဒ်များ အရောင်းအ၀ယ်ဖြစ်နေသည်။

7 Day News Daily

No comments:

Post a Comment