Tuesday, 20 May 2014

ကိုယ့်နေရာနဲ့ကိုယ်ကျိုးစားကြစို့

ကိုယ့်နေရာနဲ့ကိုယ်ကျိုးစားကြစို့

ပြည်သူ့ဝန်ထမ်းကောင်း(7Day News Hero)
----------------------------------------------
ဒေါက်တာသန်းမင်းထွဋ်(ပင်းတယဆေးရုံအုပ်)

ဒေါက်တာသန်းမင်းထွဋ်ကို သူတာဝန်ကျရာနယ်မြေရှိ ဒေသခံများက လက်မလွှတ်လိုကြပါ။ ယခင်က ဆရာဝန်ဆိုသည်ကိုမမြင်ဖူးကြ သည့် တောင်ပေါ်တိုင်းရင်းသားကျေးရွာတချို့မှာ ယခုအခါ သူတို့အခေါ် ဆရာကြီးဟူသည့် ဒေါက်တာသန်းမင်းထွဋ်ကို ယုံကြည်ကိုး စားလျက်ရှိကြပါသည်။

သူသည် ပင်းတယမြို့နယ်တွင် တာဝန်ကျစဉ် ၂ နှစ်တာကာလ အတွင်း ကျေးရွာပေါင်း ၅၀ ကျော်ရှိ လူနာရှစ်ထောင်ကျော်အား အခမဲ့ ဆေးကုသပေးခဲ့သည်။ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ကျေးရွာ များသို့ ခက်ခက်ခဲခဲသွားရောက်ကာ ဆေးကုသပေးရင်း ကျေးရွာ၏ လို အပ်ချက်များကို လည်း ကူညီဖြည့်ဆည်းပေးခဲ့ သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဓနုဒေသအုပ်ချုပ်ရေးအဖွဲ့က လည်း ဒေါက်တာသန်းမင်းထွဋ်နှင့်အတူ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအချို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဒေါက်တာသန်းမင်းထွဋ်သည် ကျေးရွာများသို့ အခမဲ့ဆေးကုသ သည့် ခရီးစဉ်များကို ကုန်းတစ်တန်၊ ရေတစ်တန် ခက်ခဲစွာ သွားရောက် ခဲ့ရုံသာမက ကျန်းမာရေးဟောပြောပွဲများပြုလုပ်ခြင်း၊ ရေရှားပါးသည့် တောင်ပေါ်ဒေသတွင် အဝီစိတွင်းများ တူးဖော်ခြင်း၊ သွားလာရခက်ခဲသည့် ကျေးရွာများကို လမ်းဖောက်လုပ်ပေးခြင်း၊ သူကြုံတွေ့လာရသည့် ဒေသ အခက်အခဲများကို ဒေသလွှတ်တော်ကိုယ်စားလှယ်အားတင်ပြ၍ ပူးပေါင်း ပါဝင်ခြင်း၊ ဒေသအပေါ် စေတနာထားရှိခြင်းတို့ကြောင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံအုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

သို့သော် သူ့ကို ဒေသမှ ထွက်မသွားစေရန် ဒေသခံလူထု သုံးထောင်ကျော်က ညတွင်းချင်း လက် မှတ်ရေးထိုးတင်ပြမှုကြောင့် တိုးမြှင့်ရာထူး ခုတင် ၁၀၀ ဆေးရုံအုပ်ကြီး (လက်ထောက်ညွှန်ကြားရေးမှူး)အဆင့် ရရှိခဲ့သော်လည်း ပင်းတယရှိ ကုတင် ၂၅ ဆံ့ ဆေးရုံလေးတွင် ဆက်လက်နေထိုင်ရဆဲဖြစ်သည်။

တာဝန်ကျသည့် ဆေးရုံကို အဆင့်ဆင့်တိုးမြှင့်တည်ဆောက်မှုများပြု လုပ်ကာ ဆေးရုံသို့ရောက်ရှိလာသည့် လူနာများ၊ လူနာရှင်များ သက်သောင့် သက်သာနေထိုင်နိုင်ရန် အဘက်ဘက်မှ စီစဉ်ထောက်ပံ့ပေးထား သည်ကို တွေ့ရသည်။
ယခုအခါ ဒေါက်တာသန်းမင်းထွဋ်ကဲ့သို့ စေတနာဆရာဝန်ကြီးများ တောင်ပေါ်ဒေသအချို့တွင် ပေါ်ပေါက်လာနေပြီဖြစ်သည်။

ထိုကဲ့သို့ ပြည်သူ့အကျိုးပြု စေတနာဆရာဝန်များ ပေါ်ပေါက်ပြန့်ပွားလာစေရန်နှင့် ပြည်သူ့အစေခံ စံမီပြည်သူ့ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်အား 7Day News က ၂၀၁၃ ခုနှစ်အတွက် 7Day News Hero ဆု ပြည်သူ့ဝန်ထမ်းကောင်း ဆုရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

ဆုကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ ပညာရှင် ဒေါက်တာဆလိုင်းလျှံမှုန်းဆာခေါင်းက ချီးမြှုင့်ပေးခဲ့ပါသည်။

နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment