Monday, 19 May 2014

ကြောင်တွေကို ချစ်ပြီး မွေးစားတတ်တဲ့ မျောက်ဝံမ Koko

 ကြောင်တွေကို ချစ်ပြီး မွေးစားတတ်တဲ့ မျောက်ဝံမ Koko
 
 
Koko လို့ အမည်ရတဲ့ အသက် ၄၂ နှစ်အရွယ် မျောက်ဝံမကြီး ဖြစ်ပါတယ်။ အမေရိကန် ဆန်ဖရန်စစ္စကိုက တိရစ္စာန်ဥယျာဉ်မှာ နေထိုင်ပြီး အင်မတန် ဥာဏ်ကောင်းတဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူ့ရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက် တစ်ခုက ကြောင်တွေကို မွေးခြင်း ဖြစ်ပါတယ်။
ကြောင်တင် မကပဲ အခြားသော တိရစ္စာန်ငယ်လေး များကိုလည်း ချစ်တတ် ပါတယ်။ ဒါကြောင့် သူ့အတွက် မွေးစရာ တိရစ္ဆာန်ကို ဥယျာဉ်က ပေးထားပြီး သူကိုယ်တိုင် ပြုစု စောင့်ရှောင့် ပါတယ်။ သူဟာ အမေရိကန်ရဲ့ ခြေဟန်၊ လက်ဟန် ဘာသာ စကား၊ စကားလုံးပေါင်း ၁၀၀၀ ကျော်ကို နားလည်ပြီး ဥာဏ်အကောင်းဆုံး မျောက်ဝံ အဖြစ်လည်း စံချိန်တင်ထား ပါတယ်။
တစ်ခါတစ်လေကျရင်လည်း သူဟာ လူတွေကို လိမ်တတ်ပါ သေးတယ်။ အဲ့ဒီလို ထူးခြားမှုများစွာ ရှိနေတဲ့ သူမကို ပိုမို ကျွမ်းကျင် တတ်မြောက် သွား သင်ကြား ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: koko.org

No comments:

Post a Comment