Wednesday, 4 June 2014

ရောင်စုံကလစ်ကလေးတွေ ရေပေါ်မှာ ပေါ်အောင်

 ရောင်စုံကလစ်ကလေးတွေ ရေပေါ်မှာ ပေါ်အောင်



    သင့်ကို ရောင်စုံ ကလစ်ကလေး အချို့နဲ့ ရေအပြည့် ထည့်ထားတဲ့ ရေတစ်ဖန်ခွက်ပေးထားမယ်။

လုပ်ရမှာက အဲဒီ ရောင်စုံကလစ်လေးတွေကို ရေခွက်ရဲ့ အောက်ခြေသို့ကျမသွားပဲ ရေမျက်နှာပြင်ပေါ်မှာပဲ

 ပေါလောပေါ်နေအောင် တင်ထားရပါမယ်။ လုပ်နိုင်ပါ့မလား။


            စဉ်းစားလို့ရရင် အောက်က အပြည့်အစုံဖတ်ရန် ဆိုတာကို နှိပ်ပြီး လုပ်ပုံလုပ်နည်းလေးကို

ကြည့်လိုက်ပါနော်။








    ပထမဆုံး ကလစ်ကလေး တစ်ခုကို ဒီလို ကွေးလိုက်ပါမယ်။





    ပြီးရင် အဲဒီ ကွေးထားတဲ့ ကလစ်လေးပေါ်မှာ နောက်ထပ် ကလစ်ကလေး တစ်ခုကို တင်လိုက်ပါမယ်။



    အဲဒီ အတိုင်းလေး ရေမျက်နှာပြင်ပေါ်မှာ ညင်သာစွာ တင်ပေးပြီး ကွေးထားတဲ့ ကလေးကို

အသာအယာဖယ်လိုက်ပါ။




    ကလစ်ကလေးဟာ ရေပေါ်မှာ ဒီလို ပေါလော ပေါ်နေပါလိမ့်မယ်

No comments:

Post a Comment