Sunday, 29 June 2014

ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ ဓာတု ပညာရှင်ဖြစ်လာသူ

ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ ဓာတု ပညာရှင်ဖြစ်လာသူ
ပုံမှာ မြင်တွေ့ နေရတဲ့ ကလေးဟာ အက် ၁၃ နှစ်သာ ရှိသေးတဲ့ ဗြိတိန်နိုင်ငံ က Jamie Edwards လို့ အမည်ရတဲ့ ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။
Science ကို အဓိက ထား သင်ကြားတဲ့ ကျောင်း ဖြစ်ပြီး ဓာတ်ခွဲခန်းမှာ ပရောဂျက် ကိုယ်စီ ပြုလုပ်ခွင့် ပေးထား ပါတယ်။ ယင်းသို့ ပြုလုပ်ခွင့် ပေး ထားရာကနေ Jamie ဟာ နျူကလိယ စွမ်းအင် ထုတ်လုပ်မယ့် စီမံကိန်း တစ်ခုကို ကျောင်းအုပ်ကြီးသို့ ပြသပြီး အကောင်အထည် ဖော်ခွင့် ရရှိခဲ့ကြ ပါတယ်။ ပထမ အစ ကတော့ ဒါဟာ အင်မတန် ကြောက်စရာ ကောင်းပြီး အန္တရာယ်များတဲ့ အခြေအေန ဖြစ်တာကြောင့် အံ့သြ သွားကြ ပေမယ့် Jamie ပြ တဲ့ စီမံကိန်းဟာ လုံခြုံမှု အပြည့်အဝ ရှိတယ် ဆိုတာကို သက်သေပြခဲ့ ပါတယ်။ Nuclear Fusion ကနေ ဟီလီယံကို ဖန်တီးမှာ ဖြစ် ပါတယ်။ ယင်း စံမံကိန်း ကြောင့်ပဲ ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံး သိရှိသွား ရပြီး ကမ္ဘာ့ သတင်းမီဒီယာများသို့ ပြန့်နှံ့ခဲ့ ပါတယ်။
ဒါကြောင့်မို့ Jamie Edwards ဟာ ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ စွမ်းအင် ထုတ်လုပ်သူ ပညာရှင် အဖြစ် အသိအမှတ်ပြု ခံခဲ့ ရပါတယ်။
.
Ref:dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment