ပြီးခဲ့သည့် မေလ ၄ ရက်နေ့က အသက်မပြည့် မိန်းကလေးကို မြန်မာနိုင်ငံသားဟု သိရသော Malsawmtluanga (21) မှ အလိုမတူဆက်ဆံခဲ့သည်ကို ရပ်ကွက် လူကြီးများ က ၄င်းအား ဖမ်းဆီးပြီး ပြည်သူလူထုမှ ကိုယ်ထိ လက် ရောက် ရိုက်နှက်ကျုးလွန်မှု မပြုခင်ပြည်သူ့ရဲလက်ထဲသို့ အပ်နှံလိုက်ကြသည်။
Dinthar ရပ်ကွက်အတွင်း အသက်မပြည့်မိန်းကလေးများကို အလိုမတူစော်ကားတာမျိုးနောက်ထပ်မဖြစ်အောင် နှင့် အပြစ်ရှိသူကို ဥပဒေပုဒ်မအရ အပြစ်နာနာပေးရေး ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီးမြို့တော်တရားရုံးရှေ့တွင် လူဦး ရေ ၅၀ ခန့်က ဆန္ဒပြတာဖြစ်သည်။
မေလ ၂၉ ရက်နေ့ဟာ တရားခံ Malsawmtluanga ရဲ့ရုံးချိန်းရက်ဖြစ်သောကြောင့် အခုလို ရပ်ကွက်လူထု နှင့် NGO များလာရောက်ပြီး အပြစ်ရှိသူကို ပြစ်ဒဏ်နာနာ ကျခံဖို့ ဆန္ဒဖော်ထုတ်တာဖြစ်သည်။
ဆန္ဒပြ Dinthar Joint NGO မှ တရားရုံးထံ အပြစ်ရှိသူကိုထိုက်တန်တဲ့အပြစ်ပေးဖို့ နှင့် အာမခံလွတ်ငြိမ်း ခွင့်မပေး ရန်၊ အမျိုးသမီးများ နှင့် သက်မပြည့်မိန်း ကလေးများ ပိုမိုလုံခြုံအောင် Crime Against Women Cell ကို ပိုမို အင် အားရလာနိုင်အောင် စာတစောင်ပေးခဲ့ပြီး ပြည်သူလူထုကလည်းဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ကြောင်း တောင်းဆို ထားကြသည်။
နောက်ထပ် ၁၄ ရက်နောက်ပိုင်းမှ တရားခံ Malsawmtluanga ကို တရားရုံးမှအမိန့်ချသွားမှာဖြစ်တယ်လို့ သိရပါ သည်။
Khonumthung News Group
No comments:
Post a Comment