ရေတာရှည်၊ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၅)ရပ်ကွက်တွင် ကလေးငယ်နှစ်ဦး ရေပြည့်နေ သော အသစ်တူးထားသည့် ကျင်းထဲသို့ ပြုတ်ကျသွားရာမှ နှစ်ဦးစလုံးသေဆုံးခဲ့သော အမှုတစ်ခု ဇူလိုင်လ(၁၀)ရက် ညနေ(၃)နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းအရ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး စိုးစိုးဦး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇေယျနှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရေတာရှည်မြို့၊ အမှတ်(၅)ရပ်ကွက်နေ မောင်လပြည့်မောင်(၇)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မောင်ကောင်းမင်းသန့် (၂)နှစ်တို့နှစ်ဦးသည် မခင်စုလှိုင်၏ နေအိမ် အနောက်ဘက်ရှိ အသစ်တူးထားသည့် ရေပြည့်နေသော ကျင်းထဲသို့ ပြုတ်ကျခဲ့ရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ ရေတာရှည် မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၄ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
No comments:
Post a Comment