Friday, 18 July 2014

မြောက်ဥက္ကလာပမြို့နယ်ရှိ ငါးအအေးခန်းစက်ရုံမှ အမိုးနီးယားဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၈

၁၈.၇.၂၀၁၄ ရက်နေ့ ၁၁၁၀ အချိန်မှ ၁၁၂၀ အချိန်ထိ မြောက်ဥက္ကလာမြို့နယ်၊ င/စက်မှုလက်မှု ရပ်ကွက်၊ အမရာလမ်းရှိ ငါးအအေးခန်း စက်ရုံမှ အမိုးနီးယား ဓါတ်ငွေ့အိုးမှာ ဘားမလုံသဖြင့် အမိုးနီးယား ဓါတ်ငွေ့ များ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပါသည်။

ထိုသို့ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် အနီးရှိ အမှတ်(၃၁)အခြေခံပညာ မူလတန်းကျောင်း၌ စာသင်ကြားနေ သော ကျောင်းဆရာမ(၂)ဦးနှင့် ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၁၈)ဦးတို့မှာ မူးဝေအော့အန်ခြင်း၊ နှာခေါင်းသွေး လျှံခြင်းများ ဖြစ်ပွားခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ကုသခဲ့ရာ ဆရာမ(၂)ဦးမှာဆေးရုံတက်ရောက် ရခြင်းမရှိသော်လည်း ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးမှာအတွင်းလူနာ(မစိုးရိမ်ရ) များအဖြစ် ကုသမှုခံယူလျက်ရှိပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါမူလတန်းကျောင်းတွင်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ(၂၉၁)ဦးအားမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးစစ် ဆေးမှုများဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး၏ခွင့်ပြုချက်ဖြင့် ကျောင်းအား ခေတ္တပိတ်ထားခဲ့ကြောင်း သိရှိရပါသည်။

၎င်းစက်ရုံသို့ မြောက်ဥက္ကလာပမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့တို့မှ စက်မှုဇုန်ဥက္ကဌနှင့်အတူ သွားရောက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment