ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်ဆလင်ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး မွတ်ဆလင်တွေရဲ့ အခက်အခဲတွေ ကို မေးမြန်းခဲ့ပါတယ်။
Ms. Yanghee Lee နဲ့ တွေ့ဆုံခဲ့သူတွေက လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ မွတ်ဆလင်တွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။
သူဟာ စစ်တွေမြို့နယ်အတွင်းက ဆင်းရဲနွမ်းပါးတဲ့ အုန်းရေဖော် ရခိုင်တိုင်းရင်းသားကျေးရွာကို သွားရောက်ပြီး ရွာခံတွေနဲ့တွေ့ဆုံခဲ့သလို ပြည်နယ်အဆင့် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေး စင်တာ(ECC) အဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကိုလေ့လာဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် ကိုရောက်ရှိခဲ့တာဖြစ်ပြီး နှစ်ဘက်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:
Post a Comment