Tuesday, 15 July 2014

ဟိုင်းကြီးကျွန်းမှာ ပင်လယ်ရေလှိုင်း ဒဏ်ကြောင့် နေအိမ် ၃၆လုံး ပျက်စီးမှုများ ဖြစ်ပွား

 ပင်လယ်ရေလှိုင်းဒဏ်ကြောင့် နေအိမ်ပျက်စီးမှုများ ဖြစ်ပွား

ဟိုင်းကြီးကျွန်း ဇူလိုင် ၁၅

ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃) ရပ်ကွက် နယ်မြေ(၁၁)တွင် ပင်လယ်ရေ လှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးမှုများ ဆက်လက် ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီ က လူနေအိမ်ခုနစ်လုံး ထပ်မံပျက်စီးခဲ့ပြီး ပျက်စီးမှု စာရင်းအရ အိမ်ခြေ ၃၆လုံး ရှိသွားပြီ ဖြစ်ကြောင်းနှင့် ရေဘေးသင့် အိမ်ထောင်စုများကို ဘေးလွတ်ရာ နေရာများသို့ ယာယီရွှေ့ပြောင်းနေထိုင်ကြရန် အသိပေး ကြေညာထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

(မြို့နယ်ခွဲပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment