Tuesday, 15 July 2014

လျှပ်စစ်ဓာတ်ကြိုးများပြတ်ကျမှုစတင်စုံစမ်း

ရန်ကုန် ဇူလိုင် ၁၅

 လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှု များ အတွက် စစ်ဆေးမှုများကို အမြန်ဆုံး စတင်စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အား ပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်ကပြောသည်။

လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျခြင်း ကြောင့် အများပြည်သူသေဆုံး မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူ များကို အရေးယူနိုင်ရန်စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးဖော် ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

''အခုလောလောဆယ်တော့ တာဝန်ရှိတဲ့လူတွေ ထိုက်သင့် သလောက်ဌာနဆိုင်ရာကအရေးယူမှု တွေတော့ရှိပါတယ်။ လောလော ဆယ်တော့ပြောလို့မရသေးပါဘူး'' ဟုရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့၏အတွင်းရေးမှူးဦးတိုး အောင်ကပြောသည်။

ယခုပြတ်ကျသော ဓာတ်ကြိုး များမှာ သက်တမ်း ၂ဝ ခန့်ရှိသည့် ACSR အလူမီနီယံကြိုးများဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုကောင်းမွန် သည့်စတီးလ်ကြိုးများကိုဘတ်ဂျက် အရ လဲလှယ်အသုံးပြုနေပြီး ကျေးရွာမီးလင်းရေး စီမံကိန်းများ ကို ဘတ်ဂျက်အရလဲလှယ်အသုံး ပြုနေပြီး ကျေးရွာမီးလင်းရေးစီမံ ကိန်းများတွင် စတီးလ်ဓာတ်ကြိုး များကိုအသုံးပြုနေကြပြီဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျခြင်း ကြောင့် လူထုအသိပညာပေးရေး အတွက် ဗီနိုင်းများ၊ နံရံကပ်စာ စောင်များနှင့် လက်ကမ်းစာစောင် များကို လူအများသိရှိသောနေရာ များတွင်အသိပညာပေးကာဖြန့်ဝေ သွားမည်ဖြစ်ကြောင်းသိရသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

No comments:

Post a Comment