Thursday, 31 July 2014

မီးဖိုအပေါက်ဝရှိ ကြက်များအား ထင်းချောင်းဖြင့် ခြောက်လှန့် ပစ်ခတ်စဉ် ဟင်းခပ်ပြီး ပြန်ထွက်လာသော မိခင်အား ထိမှန်၍ သေဆုံး

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါ မြို့နယ်နေ မျိုးမြတ်အောင်(၂၃)နှစ်သည် နေအိမ်တွင် မိခင်ဖြစ်သူ ဒေါ်သန်းအေး(၆၅)နှစ်နှင့်အတူ ထမင်းစားနေစဉ် ဒေါ်သန်းအေးမှာ ဟင်းခပ်ရန် မီးဖိုချောင်အတွင်းသို့ ၀င်သွားစဉ် မျိုးမြတ်အောင်မှ မီးဖိုချောင် အပေါက်ဝ အနားရှိ ကြက်များအား ထင်းချောင်းဖြင့် ခြောက်လှန့် ပစ်ပေါက်ခဲ့သည်။

 ထိုသို့ ပစ်ခတ်စဉ် မီးဖိုအတွင်းမှ ပြန်ထွက်လာသည့် မိခင်ဖြစ်သူ ဒေါ်သန်းအေး၏ လည်ပင်းအလယ်အား ထင်းချောင်းထိမှန်၍ သေဆုံးသွားသောကြောင့် မျိုးမြတ်အောင်အား ကန်နယ်မြေရဲစခန်း (ပ)၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

No comments:

Post a Comment