Saturday, 26 July 2014

မိုးရွာသည့်ကြားမှ သာကေတ(၁)ဈေး မီးလောင်

ရန်ကုန် ဇူလိုင် ၂၆

 မိုးကောင်းစွာ ရွာသွန်းနေသည့် ကြားမှပင် ဇူလိုင် ၂၆ ရက် ညနေ၅ နာရီ ၁၅ မိနစ်ခန့်က သာကေတမြို့နယ် ဇင်္ဂမလမ်းနှင့် မင်းနန္ဒာလမ်းထောင့်ရှိ အမှတ်(၁)ရပ်ကွက်(၁)ဈေးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဈေးအတွင်း (ဃ)ရုံမှ ငါးပေဆိုင်ခန်းပေါင်း ၃၉ ခန်း မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။ ဈေးပိတ်ထားချိန်ဖြစ်၍ မီးလောင်ရခြင်းအကြောင်းအရင်းနှင့် မည်သည့်ဆိုင်ခန်းမှ စတင်လောင်ကျွမ်းရခြင်းကို စုံစမ်းနေဆဲဖြစ်သည်။

မီးလောင်ရာသို့ မြို့နယ်အသီးသီးမှ မီးငြှိမ်းသတ်ရေး ယာဉ် ၂၂ စီး၊အုပ်ချုပ်မှုယာဉ်လေးစီး၊ အထောက်အကူပြုယာဉ် (သူနာပြုယာဉ်) ငါးစီးတို့ လာရောက်ခဲ့ကြသည်။

လောင်နေသော မီးအားကိုညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင်ထိန်းထားနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၄၅မိနစ်တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment