Sunday, 27 July 2014

လမ်းဘေးတွင်လမ်းလျှောက်သွားနေသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

၂၆.၇.၂၀၁၄ ရက်နေ့ ၀၄၀၅ အချိန်တွင် တာမွေမြို့နယ်၊ ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးဘက်မှ တာမွေအ၀ိုင်းဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ)ယာဉ်သည် Asahi Hotel ရှေ့အရောက် လမ်းဘေးတွင် လမ်းလျှောက်သွားနေသော အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးအား နောက်မှ ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် တိုက်ခံရသူအမျိုးသားတွင် ဦးခေါင်းနောက်စေ့နှင့် ၀ဲမျက်ခုံး တို့တွင် ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူကို တာမွေမြို့မရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?ref=br_tf

No comments:

Post a Comment