Tuesday, 1 July 2014

တံတွေးမှတစ်ဆင့် သွေးအချိုဓာတ် စစ်ဆေးနိုင်မည်

ဆီးချိုသွေးချို ရောဂါရှင်များအတွက် သွေးမထွက်ပဲနဲ့ သွေးအချိုဓာတ် သိရှိနိုင်မယ့် နည်းလမ်းသစ်တစ်မျိုးကို   ဖော်ထုတ်နိုင်ခဲ့ပြီလို့ သုတေသနတစ်ရပ်က ထုတ်ဖော်ခဲ့ပါတယ်။ ဇီဝချစ်ပ် အာရုံခံကိရိယာငယ် တစ်မျိုးဟာ သွေးစက်မလိုဘဲ တံတွေးရည်ကနေတစ်ဆင့် သွေးတွင်းဂလူးကို့စ်ကို  စစ်ဆေးနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။
““သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ထက်စာရင် တံတွေးထဲမှာ ဂလူးကို့စ် ပါဝင်မှုဟာ အဆ၁၀၀လောက် နည်းပါးပါတယ်။ ဒါပေမဲ့ အလွန်နည်းပါးတဲ့ ပမာဏကိုရယူပြီး သွေးတွင်းက ဂလူးကို့စ်ကို ခန့်မှန်းတွက်ချက်နိုင်တဲ့ နည်းလမ်းကို မိမိတို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။အလင်းရောင်ကို အသုံးပြုပြီး တံတွေး ထဲမှာပါဝင်တဲ့ သကြားဓာတ်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။  plasmo nic interferometry  နည်းလမ်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်”” လို့ သုတေသန ခေါင်းဆောင်  အမေရိကန်ပြည်ထောင်စု၊ ဘရောင်းတက္ကသိုလ် အင်ဂျင်နီယာဌာနမှ တွဲဖက်ပါမောက္ခ Domenico Pacifici က ရှင်းပြခဲ့ ပါတယ်။  တံတွေးနမူနာမှာပါဝင်တဲ့ ဂလူးကို့စ်ပါဝင်မှု  ထောင်ဂဏန်းမျှသော မော်လီကျူးလေးတွေကို ရှာဖွေတွက်ချက်နိုင်မှာဖြစ်ပါတယ်။ တံတွေး မှာ ရေဓာတ်ပါဝင်မှု ၉၉% အထိရှိပြီး ကျန်တဲ့ ၁%မှာတော့ အင်ဇိုင်းများ၊ ဆားဓာတ်နဲ့  အခြားအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ဒီဇီဝချစ်ပ်ပြားငယ်ဟာ တစ်လက်မပတ်လည်လောက်သာရှိပြီး ငွေပြားအလွှာနဲ့ ဖုံးအုပ်ထားပါတယ်။ အတွင်းမှာတော့ နာနိုနည်းပညာသုံး အာရုံခံ sensor လေးတွေ ထောင်နဲ့ ချီပြီး ပါဝင်ပါတယ်။ဒီတွေ့ရှိမှုကို  Journal of Nanophotonics  မှာ ဖော်ပြထားပါတယ်။

' ပြည့်ဖြိုး
Health Updates Journal
ref;IANS

No comments:

Post a Comment